နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဗိုလ်တထောင်လူကူးတံတား လှေကားတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်

ရန်ကုန် ဇူလိုင်  ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်လူကူးတံတား လှေကားတည်ဆောက်ခြင်း လုပ်ငန်းခွင်တွင်ဇူလိုင် ၁၂ ရက် နံနက် ၈နာရီက လုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါတံတားမှာဗိုလ်တထောင်ဘုရားလမ်းနှင့်ကမ်းနားလမ်းမီးပွိုင့်တွင်တည်ဆောက်ထားခြင်းဖြစ်ပြီး ယခုတည်ဆောက်ထားသောလှေကားမှာထပ်မံ၍ တည်ဆောက်ထားပေးခြင်းဖြစ်သည်။ ဗိုလ်တထောင်တံတားမှာဗိုလ်တထောင်ဆံတော်ဦးစေတီတော်သို့ ဘုရားဖူးလာသူများ နှင့်ဗိုလ်တထောင်သမ္ဗန်ဆိပ်မှခရီးသွားများဖြင့်စည်ကားသည့်နေရာတွင်တည်ရှိ၍   ၆ 'x ၆၀' လှေကားတစ်ခုထပ်မံတည်ဆောက်ပေးသွားသောကြောင့် ယာဉ်အန္တရာယ်ကင်းဝေး၍ ခရီးသွားပြည်သူများအတွက် သွားလာမှုအဆင်ပြေကြောင်းသိရသည်။

သိန်းသိန်း(ဗိုလ်တထောင်)






အခြားဆက်စပ်သတင်းများ