နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထူးကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်ကိုးလုံးဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့

ပွင့်ဖြူ  ဇူလိုင်    ၁၂

မကွေးတိုင်းဒေသကြီး၊  ပွင့်ဖြူမြို့နယ်၊ နန်းတော်ကျွန်းကျေးရွာအုပ်စု  ထူးကျေးရွာတွင် ဇူလိုင် ၁၁ ရက်၊ နံနက် ၁ဝ နာရီက ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်ကိုးလုံးဘေးလွတ်ရာသို့ ကြိုတင်  ပြောင်းရွှေ့ခဲ့ရကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

အဆိုပါ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ပွင့်ဖြူမြို့နယ်၊ နန်းတော်ကျွန်းကျေးရွာအုပ်စု၊ ထူးကျေးရွာတွင် ၃ ပင် x ၄ ပင် သွပ်မိုး၊ ထရံကာ လူနေအိမ်နှစ်လုံးနှင့် ၃ ပင် x ၃ ပင်  သွပ်မိုး၊ ထရံကာ လူနေအိမ်ခုနစ်လုံး စုစုပေါင်းလူနေအိမ်ကိုးလုံးကို မြစ်ကမ်းပါးနှင့် အလွန်နီးကပ်လာသည့်အတွက် ဒေသခံပြည်သူများ အန္တရာယ်ကင်းဝေးစေရန်  ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ကြောင်းသိရပြီး လူနေအိမ်များပြောင်းရွှေ့ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဒေသခံပြည်သူ များက ဝိုင်းဝန်းကူညီရွှေ့ပြောင်းပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် အခြားလူနှင့်တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

ကျော်ဆန်းမြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ