နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မင်းလှမြို့နယ်အတွင်း တရားမဝင်သစ်များ သိမ်းဆည်းရမိ

မင်းလှ   ဇူလိုင်    ၁၂

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ မြို့သစ်ကျေးရွာအုပ်စု မြောက်မျှားကုန်း ကျေးရွာအနီးတွင် တရားမဝင်သစ်လုံးများနှင့်သစ်ခွဲသားများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၁ ရက်၊ ညနေ ၅ နာရီခွဲက မင်းလှမြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးခင်မောင်စိုးလင်းနှင့်ဝန်ထမ်းများ၊ လက်ပံတံခါးရဲကင်းစခန်းမှူး ဒုရဲအုပ်သက်နိုင်ဦးနှင့်တပ်ဖွဲ့ဝင်များ၊ မြောက်မျှားကုန်းကျေးရွာ  ရွာခွဲတာဝန်ခံဦးတင်ဌေးနှင့်အဖွဲ့ဝင် များပူးပေါင်းအဖွဲ့သည် လက်ပံတံခါးနယ်မြေ အတွင်း တရားမဝင်သစ်များဖမ်းဆီးရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာမှ မြောက်မျှားကုန်းကျေးရွာ၏ အနောက်မြောက်ဘက် နှစ်မိုင်ခန့်အကွာ တောအတွင်း၌ အခြားသစ်ခွဲသားဆိုက်စုံ အချောင်း ၃ဝ၊ ၂ ဒသမ ၆၃၉၄ တန်၊ လုံးပတ်သုံးပေခန့်ရှိ အခြားသားသစ်လုံးဆိုက်စုံ ၁၅ လုံး၊ သုည ဒသမ ၉၂ဝ တန် သိမ်းဆည်းရမိသဖြင့် သစ်ပိုင်ရှင်ကို စုံစမ်းဖော်ထုတ်အရေးယူမည်ဖြစ်ကြောင်း မင်းလှမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး မှသိရသည်။   

ကျော်ဆန်းမြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ