နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မော်လမြိုင်-ကျိုက်မရောလမ်းမရှိ ထန်းပင်တန်း၌ ယာဉ်တိုက်မှုဖြစ်ပွား

မော်လမြိုင်  ဇူလိုင်    ၁၂

မွန်ပြည်နယ် မော်လမြိုင်-ကျိုက်မရောလမ်းမရှိ ထန်းပင်တန်း၌ ဇူလိုင် ၁၁ ရက်၊ မွန်းလွဲပိုင်းက ယာဉ် တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၁ ရက်၊ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်ခန့်က မိသားစုအလိုက် စီးနင်းလိုက်ပါလာသည့် ကိုယ်ပိုင်ယာဉ်မှာ မော်လမြိုင်ဘက်မှ ကျိုက်မရောဘက်သို့ မောင်းနှင်လာစဉ် ထန်းပင်တန်းအရောက် မျက်နှာချင်းဆိုင်မှ အရှိန်ပြင်းစွာ မောင်းနှင်လာသောဆိုင်ကယ်ကို တိမ်းရှောင်၍ ယာဉ်အားလမ်းဘေး ဆွဲချရာ လမ်းမတစ်ဖက်တစ်ချက်ရှိ ထန်းပင်အား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ပြီး ယင်းယာဉ်နောက်ကပ်၍ လိုက်ပါမောင်းနှင်လာသည့် ဆိုင်ကယ်မှ အဆိုပါယာဉ်အား ထပ်မံဆင့်၍ တိုက်မိခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် မိသားစုအလိုက်စီးနင်းလိုက်ပါလာသည့်ယာဉ်မှ အမျိုးသားတစ်ဦး ဆင့်တိုက်မိသော ဆိုင်ကယ်မှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပေါင်းသုံးဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သောကြောင့် မော်လမြိုင် RESCUE လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ကွန်ရက်ကျွဲခြံကုန်း RESCUE လူငယ်ပရဟိတအဖွဲ့အပါ အဝင် ရွှေတောင်လူငယ် RESCUE အဖွဲ့တို့မှ ဒဏ်ရာရသူများကို လိုအပ်သည်များကိုပြုစုပေး၍ ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

ကျော်ဆန်းမြင့်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ