နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖားကန့်မြို့နယ်ရှိ ခကျန်နှင့် လခူးချောင် ဘက်မှ အမြင့် ၅၀၀ ပေ၊ အကျယ် ၄၀ ပေခန့် မြေသားများ ထပ်မံပြိုကျမှု ဖြစ်ပွား

ဖားကန့်  ဇူလိုင်    ၁၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာ၊ လခူးချောင်မှ ဇူလိုင် ၂ ရက်က ကျောက်မျက် လုပ်ကွက်များ တူးဖော်ထားရစ်ခဲ့သည့် ရေအိုင်ဘက်သို့ ကျင်းကမ်းပါးမြေပြိုခဲ့ရာနေရာအနီး အထက်ပိုင်း ကျသည့်မြေမှန်နေရာတွင် ဇူလိုင် ၁၀ ရက်၊ ည ၁၁ နာရီခန့်က ခကျန်နှင့် လခူးချောင်ဘက်မှ အမြင့် ၅၀၀ ပေ၊ အကျယ် ၄၀ ပေခန့် မြေသားများ ထပ်မံပြိုကျမှုဖြစ်ပွားခဲ့ကြောင်း၊ ယခုမြေပြိုကျမှုကြောင့် ပျောက်ဆုံးသူများနှင့် အသေအပျောက်မရှိကြောင်း မိုးညှင်းခရိုင်မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ ဦးပြေငြိမ်းက  ဇူလိုင် ၁၁ ရက်က ပြောသည်။

မိုးညှင်းခရိုင်မီးသတ်တပ်ဖွဲ့မှ ဦးစီးအရာရှိ ဦးပြေငြိမ်းက “ကျွန်တော်တို့အနေနဲ့ ကွင်းဆင်းစစ်ဆေးရေး တွေမြို့နယ်အဖွဲ့အနေနဲ့ ဆောင်ရွက်ပြီး လူတွေကိုဖယ်ခိုင်းထားပါတယ်။ လူရွှေ့ခိုင်းထားပြီးသားမို့ အန္တရာယ်မရှိခဲ့ဘူး။ အန္တရာယ်ရှိနိုင်တဲ့အတွက် မနေထိုင်ဖို့ ညွှန်ကြားချက်ထုတ်ထားသလို ဆိုင်းဘုတ် များလည်း ထောင်ထားပါတယ်။ ကျွန်တော်တို့အနေနဲ့ အရေးပေါ်အခြေအနေဖြစ်လာရင် ကူညီဖို့မီးသတ် တပ်ဖွဲ့ဝင်တွေအနေနဲ့လည်း အသင့်ပြင်ဆင်ထားပါတယ်’’ ဟု ပြောကြားခဲ့သည်။

ယခုထပ်မံ မြေပြိုကျခဲ့သည့်နေရာ၏အောက်တွင် ယခင်က ကျောက်စိမ်းမင်းကျောက်မျက် တူးဖော်ရေးလုပ်ကွက် လုပ်ကိုင်ခဲ့ဖူးကြောင်း၊ ခကျန်နှင့် လခူးချောင်တို့ရှိနေအိမ်များ၊ လမ်းများအားလုံး ဆက်လက်မြေပြိုရာတွင်ပါနိုင်သည့် အနေအထားရှိနေကြောင်း၊ ဆက်လက်မြေပြိုနိုင်သည့် နေရာများမှ ပြည်သူများကို အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များက နေရာပြောင်းရွှေ့ကြရန်နှင့်သတိပေး တားမြစ်ချက်များ ထုတ်ပြန်ထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ဇူလိုင် ၁၁ ရက်တွင် သတင်းထုတ်ပြန်ထားသည်။    

အောင်အောင်






အခြားဆက်စပ်သတင်းများ