နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒေသခံပြည်သူများ မြစ်ရေကြီးချိန်တွင် အန္တရာယ်ကင်းရှင်းစွာခရီးသွားလာနိုင်စေရေးအတွက် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင်ရေယာဉ်များဖြင့် ဗန်းမော်၊ ရွှေကူ၊ မန္တလေးခရီးစဉ်ကို ပုံမှန်အတိုင်း ပြေးဆွဲဆောင်ရွက်ပေးနေ

ရန်ကုန်   ဇူလိုင်    ၁၂

ဒေသခံပြည်သူများ မြစ်ရေကြီးချိန်တွင် အန္တရာယ်ကင်းရှင်းစွာခရီးသွားလာနိုင်ရေးအတွက် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင်ရေယာဉ်များဖြင့် ဗန်းမော်-ရွှေကူ-မန္တလေးခရီးစဉ်များကို ပုံမှန်အတိုင်း ပြေးဆွဲပေးနေကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး  ဌာန၏ ဇူလိုင် ၁၀ ရက်နေ့ ထုတ်ပြန်သတင်းများအရ သိရသည်။

ဧရာဝတီမြစ်ရေကြီးချိန်တွင် ဒုတိယမြစ်ကျဉ်းအောက်ဘက် ကြက်တူရွေးနှုတ်သီးသို့ မြစ်ရေရောက် ရှိချိန်နှင့် ကြက်တူရွေးခေါင်းမြုပ်ချိန်တွင် ပုဂ္ဂလိကအမြန်ရေယာဉ်များသည် အဆိုပါမြစ်ကျဉ်းတွင် အန္တရာယ်ရှိ သောကြောင့် ရေယာဉ်ပြေးဆွဲမှုများ ခေတ္တရပ်နားခဲ့ရသည်။

ထို့ကြောင့် အများပြည်သူခရီးသွားလာမှုအဆင်ပြေ စေရေးအတွက် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင်သင်္ဘောများဖြင့် ပုံမှန်ခရီးစဉ်အတိုင်းတစ်ပတ်ကို ၂ ရက် ပုံမှန်ပြေးဆွဲဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

အဆိုပါခရီးစဉ်များကို ပုံမှန်ခုတ်မောင်းပြေးဆွဲပေးရာတွင် အဆိုပါမြစ်ကျဉ်းနေရာတွင် တစ်ခါတစ်ရံရေစီး ကြမ်းနေသဖြင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင်ရေယာဉ်များသည် ကြက်တူရွေးနှုတ်သီးအနီးရှိကျေးရွာ များတွင် ကြိုးချည်၍ခေတ္တရပ်နားခဲ့ကြပြီးမှ ပြန်လည်၍ဆန်တက်မောင်းနှင်းခဲ့ကြရသည်။ အဆိုပါခရီးစဉ်များ တွင် ယခုကဲ့သို့မြစ်ရေများချိန်တွင် ဒေသခံပြည်သူများအနေနှင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင်  ရေယာဉ်များဖြင့်သာ ရေလမ်းခရီးကိုအားထားပြီး အများဆုံးသွားလာကြကြောင်း သိရသည်။

ကိုသာစစ်






အခြားဆက်စပ်သတင်းများ