နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နောက်ဆုံးပေါ် Samsung Galaxy A21s စမတ်ဖုန်းအသစ်ကို သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ပြည်တွင်းဈေးကွက်သို့ရောက်ရှိ

ရန်ကုန်  ဇူလိုင်  ၁၁


စွမ်းဆောင်ရည်မြင့်မားသော စမတ်ဖုန်းများအား သင့်တင့်မျှတသော ဈေးနှုန်းဖြင့် ရယူသုံးစွဲလိုသူများအတွက် အဆင့်မြင့် လုပ်ဆောင်ချက်များ ပါဝင်သည့် နောက်ဆုံးပေါ် Galaxy A Series မျိုးဆက်အသစ် A21s စမတ်ဖုန်း အား Samsung Myanmar မှ ဇူလိုင် ၁၁ တွင်စတင်မိတ်ဆက်ခဲ့ကြောင်းသိရသည်။

သာမန် mid-range စမတ်ဖုန်းများထက် ပိုမိုအဆင့်မြင့်မားကောင်းမွန်သော လုပ်ဆောင်ချက်များအား ထည့်သွင်းပေးထားသည့် Galaxy A21s စမတ်ဖုန်း အသစ်တွင် စွမ်းဆောင်ရည်မြင့် ကင်မရာ ၄ လုံး၊ ကြာရှည်ခံ 5000 mAh ပမာဏရှိ ဘက်ထရီနှင့် ကြီးမားကျယ်ပြန့်သော HD+ infinity-O မျက်နှာပြင်များဖြင့် ဖွဲ့စည်းတည် ဆောက်ထားကြောင်းသိရသည်။


"ကျွန်တော်တို့ Samsung အနေနဲ့ အဆင့်မြင့်မားတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်တဲ့  အကောင်းမွန်ဆုံး စမတ်ဖုန်းတွေကို သင့်တင့်မျှတမှုအရှိဆုံးနှုန်းထားတွေ၊ အထူးအကျိုးခံစားခွင့်တွေ နဲ့ အတူ သုံးစွဲသူတွေဆီ ပေးအပ် သွားနိုင်ဖို့ အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်နေပါတယ်။ အခု အသစ်မိတ်ဆက်ခဲ့တဲ့ Galaxy A21s စမတ်ဖုန်းမှာဆိုရင်လည်း သုံးစွဲသူတွေရဲ့ နေ့စဉ်လူနေမှုဘဝမှာ အသင့်တော်ဆုံး ဖြစ်စေဖို့ အတွက် အဆင့်မြှင့်တင်ထားတဲ့ မျက်နှာပြင်နဲ့ စွမ်းဆောင်ရည်မြင့် ကင်မရာလုပ်ဆောင်ချက်တွေကို ထည့်သွင်း ပေးထားတဲ့ အပြင် ဘက်ထရီသက်တမ်းကိုလည်း ပိုမိုကြာရှည်ခံစေဖို့ လုပ်ဆောင်ပေးထားတာကြောင့် သုံးစွဲသူတွေ အနေနဲ့ အဆင့်မြင့် မိုဘိုင်းဖုန်း အသုံးပြုမှု အတွေ့အကြုံ တွေကို သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ ရယူပိုင်ဆိုင်သွားနိုင်မှာ ဖြစ်ပါတယ် "ဟု Samsung Myanmar ၏ Head of Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက်မှ ပြောသည်။


အဆိုပါ3GB RAM/32GB ROM version အတွက် မြန်မာငွေကျပ် ၂၆၉,ဝ၀ဝ နှင့် 6GB RAM/32GB ROM version အတွက် မြန်မာငွေကျပ် ၃၂၉,ဝ၀ဝ ဟူ၍ သတ်မှတ်ထားကြောင်းသိရသည်။ 


AMH(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ