နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
CANAL+ ၏ စိတ်ကြိုက်ပက်ကေ့ချ်ဖြင့် ရုပ်သံလိုင်းပေါင်းများစွာစုံလင်စွာကြည့်ရှုနိုင်

ရန်ကုန်  ဇူလိုင်  ၁၁


COVID-19 ကပ်ဘေးကာလတွင် ရုပ်ရှင်ရုံများ ပိတ်ထားရသောကြောင့် အများပြည်သူအတွက် ရုပ်သံ ဖျော်ဖြေရေးက ပိုပြီး အရေးပါသည့် အခန်းကဏ္ဍကိုရောက်ရှိလာခဲ့သည်။

ရုပ်သံအစီအစဉ်များကို တစ်မျိုးပြီးတစ်မျိုးမရိုးရအောင်ကြည့်နိုင်ရန် ပုံမှန်ရုပ်သံလိုင်းများအပြင် ပိုမိုပြီး ရုပ်သံလိုင်းများ၊ အစီအစဉ်များစုံလင်သည့် ရုပ်သံဖမ်းစက်တစ်ခုခုအိမ်တွင် ရှိထားရန်လိုသည်။ ထိုရုပ်သံဖမ်းစက်များ တပ်ဆင်ပါက လစဉ်ကြေးများ ပေးဆောင်ရာတွင် အခက်အခဲမရှိစေရန်အတွက် တစ်ကြိမ်ပေးသွင်းငွေ အပြီးအစီး ၂၄၀၀၀ ကျပ် ပေးသွင်းလိုက်ရုံဖြင့် အခမဲ့မြန်မာရုပ်သံလိုင်းများအပြင် အခမဲ့နိုင်ငံခြား ရုပ်သံလိုင်း ၅၅ လိုင်းကိုတစ်သက်တာကြည့်ရှုနိုင်မည့် CANAL+ ၏ စိတ်ကြိုက်ပက်ကေ့ချ်ကို ဝယ်ယူကြည့်ရှုနိုင်ပြီဖြစ်သည်။


ထိုပက်ကေ့ချ်တွင် CANAL+ HAHA နှင့် CANAL+ MAE MADI တို့အပါအဝင် အခပေးလိုင်း ၆ လိုင်းကို ၁ နှစ်စာ ကြည့်ရှု ခွင့်ရရှိမည်ဖြစ်သောကြောင့် ရုပ်ရှင်ဇာတ်ကားကောင်းများ၊ အစီအစဉ်ကောင်းများကို တစ်ဝကြီးကြည့်ရှုနိုင်မည့် အခွင့်အရေးဖြစ်သည်။

၂၄၀၀၀ ကျပ်တစ်ကြိမ်ပေးသွင်းပြီးတာနဲ့ လစဉ်ကြေးထပ်မံပေးသွင်းစရန်မလိုသည့် အစီအစဉ်ဖြစ်သည့် အတွက်ကြောင့် COVID ကပ်ဘေးတွင် အန္တရာယ်ကင်းကင်းဖြင့်အိမ်ထဲ၌ စိတ်ဖျော်ဖြေနိုင်မည့် အကောင်းဆုံး နည်းလမ်းဖြစ်သည်။

CANAL+ ၏ စိတ်ကြိုက်ပက်ကေ့ချ်ကို အချိန်အကန့်အသတ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ကြောင်း အခွင့်အရေးကောင်းကို လက်မလွတ်ရအောင် နီးစပ်ရာ အရောင်းဆိုင်နှင့် ကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူတပ်ဆင်ရမည်။                                                                                                                                     (WP)






အခြားဆက်စပ်သတင်းများ