နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သုံးခွမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှု

ရန်ကုန်  ဇူလိုင်  ၁၁


ရန်ကုန်တိုင်းဒေသကြီး၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးရဲမင်းဦးနှင့်ရန်ကုန်တိုင်းဒေသကြီးရသုံးမှန်းခြေငွေစာရင်း ရေးဆွဲရေးဦးစီးဌာနညွန်ကြားရေးမှူး ဒေါ်ခင်၀င်းရီတို့သည်ရန်ကုန် တောင်ပိုင်းခရိုင်သုံးခွမြို့နယ်အတွင်းရှိလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေကို ဇူလိုင် ၁၀ ရက်၊ နံနက်ပိုင်းကကွင်းဆင်းကြည့်ရူခဲ့ကြောင်း သိရသည်။


ထို့သို့ကွင်းဆင်းကြည့်ရူစစ် ဆေးရာတွင်သုံးခွမြို့ အမှတ် ၁ ရပ်ကွက်အတွင်းရှိ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှဆောင်ရွက်လျက်ရှိသောအုတ်ရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်းကိုလည်းကောင်း၊ လက်ပန်-နန်းခလဲကျေးရွာအုပ်စုရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာ၀န်ယူဖောက်လုပ်လျက်ရှိသော လက်ပန်-နန်းခလဲစစ်ကိုင်းစုလမ်းကိုလည်းကောင်း၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဆောင်ရွက်လျက်ရှိသည့် အမှတ်-၉ ရပ်ကွက်ရှိ (၈)ဧကကန်တူးဖော်ရေးလုပ်ငန်းအားလည်းကောင်း၊လမ်းဦးစီးဌာနမှဆောင်ရွက်လျက်ရှိ သောပဲခူး-သနပ်ပင်လမ်းပိုင်းအားလည်းကောင်း၊ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာ၀န်ယူဆောင်ရွက်လျက်ရှိသော ဖရုံလမ်းခွဲ-အောင်ပန်းစိန်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကိုလည်းကောင်း၊ လမ်းဦးစီးဌာနမှဆောင်ရွက်လျက် ရှိသော လက်ပန်ကျိုး-အောင်သာဒါန်းလမ်းကိုလည်းကောင်း၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းအဖွဲ့မှ တာ၀န်ယူတည်ဆောက်လျက်ရှိသောထုံးကြီးကျေးရွာရှိ ဒေါင့်ကြီးလျှပ်စစ်ဓာတ်အားခွဲရုံကို လည်းကောင်း၊ ကြည့်ရူ့စစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။


ထိုသို့ကွင်းဆင်းကြည့်ရူစစ်ဆေးရာတွင် မဲဆန္ဒနယ်အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးနေ၀င်း၊ အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဆွေ၊မြို့နယ်အထွေထွေအုပ် ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်၊ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးသက်ဇော်၊ခရိုင် ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးအောင်ဇော်မြင့်၊ခရိုင်လမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်ဌေးဌေးဦးနှင့်တာ၀န်ရှိသူများက ကွင်းဆင်းကြည့်ရူခဲ့ကြောင်း သိရသည်။                                                                             

စည်သူလင်း ပြန်/ဆက်






အခြားဆက်စပ်သတင်းများ