နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖြည့်စွက်ဆေးကဲ့သို့ အာဟာရဖြစ်စေနိုင်သော အစားအစာများ

ဇူလိုင်    ၁၁


ဖြည့်စွက်ဆေးဝါးအချို့၏ ကျန်းမာရေးအကျိုးကျေးဇူးများကို ထောက်ခံသော လေ့လာမှုများစွာ ရှိသော်လည်း ယင်းဖြည့်စွက်ဆေးများတွင်ပါဝင်သော အာဟာရဓာတ်များစွာသည် အစားအစာများတွင် ပါဝင်နေသည်။

အဆီမပါသော အမဲသား၊ ကြက်သား၊ ငါး၊ ကြက်ဆင်သားနှင့် ကြက်ဥများတွင် အမိုင်နိုအက်စစ်ကြွယ်ဝစွာ ပါဝင်ပြီး ကြွက်သားများ ကျန်းမာရေးအထူးကောင်းမွန်သည့် အာဟာရဓာတ်ဖြစ်သည်။

ဒေါက်ခွရွက်၊ တရုတ်ဂေါ်ဖီထုပ်နှင့် ဘီတွတ်ဥတို့တွင် ခန္ဓာကိုယ်၏ သွေးလည်ပတ်မှုကို အားကောင်းစေပြီး နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုနိုင်သည့် နိုက်ထရစ်အက်စစ်များပါဝင်သည်။


ကိုက်လန်၊ ဒေါက်ခွရွက်၊ ကြက်ဥစသော အစားအစာများတွင် အမြင်အာရုံကို အားကောင်းစေနိုင်ပြီး မျက်စိ ကျန်းမာရေးကောင်းမွန်သည့် အာဟာရဓာတ်များပါဝင်သည်။

ပဲများ၊ အစေ့အဆန်များ၊ ပဲနီလေးနှင့် ဖွဲနုတို့တွင် အစာချေဖျက်မှုစနစ်ကို အားကောင်းစေသော အာဟာရ ဓာတ်များ ပါဝင်သည်။

ကညွတ်၊ မက်မွန်သီးနှင့် နနွင်းတို့တွင် ခန္ဓာကိုယ်ရောင်ရမ်းမှုများကို သက်သာပျောက်ကင်းစေသော အာဟာရဓာတ်များ ပါဝင်သည်။

ဂရင်းတီးလက်ဖက်ခြောက်တွင် စိတ်ဖိစီးမှုကိုလျော့ပါးစေပြီး စိတ်တည်ငြိမ်မှုကို အားကောင်းစေနိုင်သည့် အမိုင်နိုအက်စစ်ပါဝင်သည်။

ဆယ်လ်မွန်ငါး၊ ထောပတ်သီး၊ သင်္ဘောသီး၊ အာလူး၊ စွန်ပလွံသီးတို့တွင် သွေးထဲရှိ ဆိုဒီယမ်ပမာဏကို ထိန်းညှိပေးနိုင်သော ပိုတက်ဆီယမ်ပါဝင်သောကြောင့် သွေးတိုးမဖြစ်အောင်ကာကွယ်နိုင်သည့် အစားအစာများဖြစ်သည်။                                                                                                                     


(သူရိန်)






အခြားဆက်စပ်သတင်းများ