နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စင်ကာပူနိုင်ငံ ရွေးကောက်ပွဲတွင် အာဏာရပါတီ အနိုင်ရသော်လည်း အမတ်နေရာရရှိမှု လျော့ကျ

ဇူလိုင် ၁၁၊ စင်ကာပူ


စင်ကာပူနိုင်ငံ၏ အာဏာရပါတီဖြစ်သည့် People's Action ပါတီ(PAP)မှာ ပြီးခဲ့သည့်သောကြာနေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အာဏာဆက်ထိန်းနိုင်ခဲ့သော်လည်း အမတ်နေရာရရှိမှု လျော့ကျခဲ့ကြောင်း နောက်ဆုံးရလဒ်များတွင် ဖော်ပြထားသည်။ ၁၉၆၅ ခုနှစ်ကတည်းက အာဏာရခဲ့သည့် PAP ပါတီမှာ လွှတ်တော်အမတ်နေရာ ၉၃ နေရာအနက် ၈၃ နေရာ ( မဲအရေအတွက် ၆၁.၂ ရာခိုင်နှုန်း)ရရှိခဲ့ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ (မဲအရေအတွက် ၇၀ ရာခိုင်နှုန်းနီးပါးရရှိခဲ့)ထက် မဲရရှိမှုနည်းပါးခဲ့သည်။ စင်ကာပူနိုင်ငံ၏ အတိုက်အခံပါတီဖြစ်သည့် အလုပ်သမားပါတီ (Workers' Party)မှာ အမတ်နေရာ ၁၀ နေရာ ရရှိခဲ့ပြီး ပါတီသမိုင်းတစ်လျှောက် အကောင်းဆုံးရလဒ် ပိုင်ဆိုင်ခဲ့သည်။ 

အဆိုပါရွေးကောက်ပွဲမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအပေါ် စင်ကာပူအစိုးရ၏ ထိန်းချုပ် ကိုင်တွယ်မှုကို ပြည်သူ့သဘောထား ကောက်ခံခြင်းဖြစ်သည်ဟု မှတ်ယူခဲ့ကြသည်။ တင်းကျပ်သည့် ဘေးအန္တရာယ်ကင်းရှင်းရေးချမှတ်ထားရာ မဲပေးသူများအနေဖြင့် လက်အိတ်များ၊ နှာခေါင်းစည်းများ ဝတ်ဆင်ရမည်ဖြစ်ပြီး မဲပေးချိန်ကန့်သတ်ထားသည်။ စင်ကာပူနိုင်ငံမှာ အာရှ-ပစိဖိတ်ဒေသတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အတည်ပြုလူနာ ၄၅၀၀၀ ကျော် ရှိနေသည်။ ကပ်ရောဂါကာလအတွင်း လူစုလူဝေးလုပ်ခြင်းမှာ အန္တရာယ်များသည်ဟု သတ်မှတ်ထားကြရာ နိုင်ငံအနည်းငယ်တွင်သာ ရွေးကောက်ပွဲများကျင်းပခဲ့သည်။  ပြီးခဲ့သည့်ဧပြီလက တောင်ကိုရီးယား၊ ပြီးခဲ့သည့်ဇွန်လနှောင်းပိုင်းက ဆားဘီးယားနိုင်ငံများတွင် ရွေးကောက်ပွဲများ ကျင်းပခဲ့ရာ လက်ရှိအစိုးရများ သာ အာဏာပြန်ရခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ