နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရှင်ကျန်းဒေသတွင် လူ့အခွင့်အရေးချိုးဖောက်မှုအတွက် တာဝန်ရှိသည်ဆိုသည့် တရုတ်နိုင်ငံရေးသမားများကို အမေရိကန်နိုင်ငံက အရေးယူပိတ်ဆို့

ဇူလိုင် ၁၀၊ ဝါရှင်တန်


ရှင်ကျန်းဒေသတွင် ဝီဂါမွတ်စလင်မျိုးနွယ်စုများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက်       တာဝန် ရှိသည် ဆိုသည့် တရုတ်နိုင်ငံရေးသမားများကို အမေရိကန်နိုင်ငံက အရေးယူပိတ်ဆို့မှုများ ချမှတ်ကြောင်း ကြေညာခဲ့သည်။ တရုတ်အစိုးရက ဝီဂါနှင့် အခြားမျိုးနွယ်စုများကို အစုလိုက်အပြုံလိုက် ထိန်းသိမ်းရေး၊ ဘာသာရေးဆိုင်ရာ ဖိနှိပ်ခြင်း၊ ပဋိသန္ဓေမဆောင်နိုင်စေရန် အတင်းအကျပ်လုပ်ဆောင်ခြင်း စသည့်လုပ်ရပ်များ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားကြသည်။ အမေရိကန်အစိုးရက ချမှတ်ခဲ့သည့် အရေးယူပိတ်ဆို့မှုများတွင် ဒေသဆိုင်ရာ ကွန်မြူနစ်ပါတီခေါင်းဆောင် ချန်းကွမ်ကွေ့နှင့် အခြားအရာရှိသုံးဦး၏ အမေရိကန်နိုင်ငံနှင့် ဆက်နွှယ်နေသော ဘဏ္ဍာရေးအကျိုးစီးပွားများကို ပစ်မှတ်ထားခဲ့သည်။


သို့သော် တရုတ်အစိုးရက တရုတ်နိုင်ငံ အနောက်ဖျားရှိ ရှင်ကျန်းဒေသတွင် မွတ်စလင်များကို မဖွယ်မရာ ပြုမူဆက်ဆံခဲ့ခြင်းမရှိဟု ငြင်းဆန်ထားသည်။ ပြီးခဲ့သည့်နှစ်များအတွင်း ရှင်ကျန်းဒေသရှိ မွတ်စလင်တစ်သန်းနီးပါးကို အာဏာပိုင်များက မွမ်းမံသင်ကြားရေးစခန်းများတွင် ထိန်းသိမ်းခဲ့ဖွယ်ရှိသည်ဟု ဆိုသည်။ အရေးယူပိတ်ဆို့မှု ချမှတ်ခံခဲ့ရသည့် ချန်းကွမ်ကွေ့မှာ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ၏ သြဇာကြီးမားသည့် ပေါ်လစ်ဗျူရိုတွင် ပါဝင်နေသူဖြစ်ပြီး လူနည်းစုမျိုးနွယ်များနှင့်ပတ်သက်သည့် တရုတ်အစိုးရ၏မူဝါဒများကို ပုံဖော်နေသူဟု သတ်မှတ်ခံထားရသည်။ ယခင်ကလည်း တိဘက်ဒေသအရေးကို တာဝန်ယူခဲ့ဖူးသူဖြစ်သည်။ ယခုကဲ့သို့ အရေးယူပိတ်ဆို့မှု ချမှတ်ခဲ့ခြင်းကြောင့် ယင်းတို့သုံးဦးလုံး၏ အမေရိကန်နိုင်ငံရှိ ပိုင်ဆိုင်မှုပစ္စည်းများကို သိမ်းယူမည်ဖြစ်သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ