နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လူငယ်ခြေတက် ယူနိုက်တက်ကြယ်ပွင့်ကို ခေါ်ယူချင်နေတဲ့ ရီးရဲလ်ဥက္ကဋ္ဌ ပီရက်

ဇူလိုင်    ၁၀


ရီးရဲလ်အသင်းဥက္ကဋ္ဌဖြစ်တဲ့ ပီရက်ဟာ ယူနိုက်တက်မှာ ခြေစွမ်းပြနေတဲ့ လူငယ်ခြေတက်ကလေး မေဆွန်ဂရင်းဝုဒ်ကိုခေါ်ဖို့ အလွန်ပင်စိတ်ဝင်စားနေပါတယ်။ ဂရင်းဝုဒ်ကလည်း လက်ရှိယူနိုက်တက်လူငယ်ကစားသမားတွေထဲမှာ ခြေစွမ်းအထက်ဆုံး လူငယ်လေးဖြစ်နေပါတယ်။ နည်းပြဆိုးရှားကလည်း ဂရင်းဝုဒ်ကို ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ယောက်ဖြစ်အောင် အကောင်းဆုံးပြုစုပျိုးထောင်သွားမယ်လို့ ပြောဆိုထားပါတယ်။


သတင်းတွေအရ ရီးရဲလ်ဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့စျေးကွက်မှာ ဂရင်းဝုဒ်ကို ကမ်းလှမ်းမှု တွေလုပ်ပြီး ယူရိုသန်း ၁၀၀ အထိ ပြောင်းရွှေ့ကြေးသတ်မှတ်ပြီး ခေါ်ယူဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဂရင်းဝုဒ်ဟာ ဘယ်ခြေကော ညာခြေပါ အကောင်းဆုံးအသုံးချနိုင်တာတွေကြောင့်လဲ ပီရက်ကြီး သဘောကျတာဖြစ်မှာပါ။                                                                                                                                


SO






အခြားဆက်စပ်သတင်းများ