နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အရသာထူးကဲသော မိုင်းယောင်းဒေသ ကနစိုသီး ဝယ်ယူစားသုံးသူများပြား

မိုင်းယောင်း ဇူလိုင် ၉


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ကနစိုသီး ခူးယူရောင်းချသူများ အဆင်ပြေလျက်ရှိသည်။ အရသာထူးကဲသည့်အတွက် ဝယ်ယူစားသုံးသူများပြားကာ ရောင်းသူဝယ်သူ အဆင်ပြေလျက်ရှိကြောင်း သိရသည်။


မိုင်းယောင်းဒေသထွက် ကနစိုသီးက အလုံးလှပြီး အဝယ်လိုက် ဈေးကောင်းရ၍ ဈေးကွက်ဝင် ကနစိုသီးဖြစ်ကြောင်း၊ ဈေးလည်းချိုကြောင်း၊ ထို့ကြောင့် မိုင်းယောင်းဒေသထွက် ကနစိုသီးကို ပိုပြီး ကြိုက်ကြ ကြောင်း၊ ကနစိုသီး အလုံး ၇၀ ကျော်ပါ တစ်စည်းလျှင် ကျပ် ၂၀၀ မှ ကျပ် ၅၀၀ အထိ ရောင်းရကြောင်း၊ ကျိုင်းတုံ၊ တာချီလိတ်နှင့် အခြားမြို့များသို့ တစ်ဆင့်ဝယ်ယူရောင်းချသူများလည်းရှိကြောင်း သိရသည်။

စပျစ်သီးကဲ့သို့ အပြွတ်လိုက်၊ အခိုင်လိုက် သီးပြီး အရည်ရွှမ်းကာ ချိုချဉ်အရသာရှိသော မိုင်းယောင်းဒေသ ကနစိုသီးကို အခြားဒေသများကပင် အသိအမှတ်ပြုသည်အထိ အရသာထူးကဲလှသည်။ မိုင်းယောင်းဒေသ ကနစိုသီးသည် အဝါရောင်၊ အနီရောင်ရှိပြီး ထူးထူးကဲကဲ ချိုလှကြောင်း၊ ဒေသတွင်း အကောင်းဆုံးဖြစ်သည်ဟု ဆိုကြသည်။


မိုင်းယောင်းတွင် ကနစိုသီးကို စားသုံးရန် မိမိနေအိမ်ခြံဝင်းထဲတွင် စိုက်ပျိုးထားကြပြီး တောတောင်များ တွင်လည်း သဘာဝအလျောက် ပေါက်ရောက်ကြောင်း၊ ဆေးဖက်ဝင်၍ ဗိုင်းရပ်နှင့် ရောဂါပိုးဝင်ရောက်ခြင်းမှ ကာကွယ်ပေးကြောင်း၊ ကိုယ်ခံအားစနစ် ကောင်းမွန်စေကြောင်း သိရသည်။


စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ