နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကွတ်ခိုင်မြို့နယ်တွင် ငွေကျပ်သိန်း ၄,၄၄၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား များ ဖမ်းဆီးရမိ

ကွပ်ခိုင် ဇူလိုင် ၈


 ဇူလိုင် ၇ ရက်၊ နေ့လယ် ၃ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကွတ်ခိုင်မြို့၊ အမှတ်(၇)ရပ်ကွက်အနီး၊ ကွတ်ခိုင်-တာမိုးညဲသွားကားလမ်းတွင် ရှာဖွေစစ်ဆေးရေး ပြုလုပ်နေစဉ် FORD RANGER DOUBLE CAB အမျိုးအစားမော်တော်ယာဉ်သည် နောက်ပြန်လှည့်ကာ မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးစဉ် နမ့်ဟူးကျေးရွာအနီး၊ ကားလမ်းယာဘက်ဘေးရှိ ရေမြောင်းအတွင်း ထိုးကျနေသည်ကိုတွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ ယာဉ်မောင်းအားတွေ့ရှိခြင်းမရှိဘဲ ယာဉ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၂၂,၀၀၀ ပြား သိမ်းဆည်းရမိခဲ့သဖြင့် ပိုင်ရှင်(စိစစ်ဆဲ)အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း  သိရသည်။


 အလားတူ ဇူလိုင် ၇ ရက်၊ ညနေ ၅ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအုပ်စု၊ ပင်ညိုးကျေးရွာအနီး၊ ဆိုက်ခေါင်-မောက် မယ်သွား ကားလမ်းတွင် အောင်စွမ်း မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀ ပြား၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် အောင်စွမ်း(၃၆)နှစ်အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သိရသည်။


ဆွေဦး








အခြားဆက်စပ်သတင်းများ