နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ZDNet က Facebook Password ကို ခိုးယူနိုင်သည့် အက်ပလီကေးရှင်းများကို ဖော်ပြလာ

ဇူလိုင် ၈


 ZDNet မှ Android စမတ်ဖုန်း အသုံးပြုသူအများစုက Facebook အကောင့် Password ကို ခိုးယူနိုင်သည့် အက်ပလီကေးရှင်းများကို ဖုန်းတွင်ထည့်သွင်း အသုံးပြုနေကြကြောင်း ရေးသားဖော်ပြလာသည်။


Facebook Password ကို ခိုးယူရန် လုပ်ဆောင်ထားသည့် အက်ပလီကေးရှင်းများက ခြေလှမ်းတွက်ချက်သည့် App များ၊ Video Editors App များ၊ Image Editors App များနှင့် Wallpaper App များဖြစ်သည်။


လက်ရှိအချိန်မှာ Google က ယင်းအက်ပလီကေးရှင်းများကို Play Store က ဖြုတ်ချလိုက်ပြီဖြစ်သော်လည်း ယင်းအက်ပလီကေးရှင်းများ၏ စုစုပေါင်းဒေါင်းလော့ခ်လုပ်ခံရမှုနှုန်းက ၂ ဒသမ ၃၄ သန်းအထိ ရှိနေသည်။


Facebook Password ကို ခိုးယူနိုင်သည့် အက်ပလီကေးရှင်းများမှာ Video Maker ၊ Color Wallpaper၊ Super Wallpapers Flashlight ၊ Padenatef ၊ Contour Level Wallpaper ၊ iPlayer & iWallpaper ၊ Pedometer ၊ Powerful Flashlight ၊ Super Bright Flashlight ၊ Accurate Scanning of QR Code ၊ Classic Card Game ၊ Junk File Cleaning ၊ Synthetic Z ၊ Screenshot Capture ၊ Daily Horoscope Wallpapers ၊ iHealth Step Counter ၊ Wuxia Reader ၊ Plus Weather ၊ Anime Live Wallpaper တို့ဖြစ်သည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ