နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အုတ်ဖိုမြို့နယ်၌ တစ်ရွာတည်းသားချင်း ရန်ညှိုးထားလူသတ်မှုဖြစ်ပွား၊ ပြစ်မှုကျူးလွန်သူ သားအဖနှစ်ဦးကို ဖမ်းမိ

အုတ်ဖို    ဇူလိုင်    ၅

အုတ်ဖိုမြို့နယ်၌ ဇူလိုင် ၅ ရက်၊ နံနက်ပိုင်းက တစ်ရွာတည်းသားချင်း ရန်ညှိုးထားလူသတ်မှုဖြစ်ပွားရာ ပြစ်မှုကျူးလွန်သူသားအဖနှစ်ဦးကို ရဲတပ်ဖွဲ့မှနေ့ချင်းဖမ်းဆီးရမိခဲ့ကြောင်း အုတ်ဖိုမြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာဇူလိုင် ၅ ရက်၊ နံနက်၁နာရီခွဲတွင် အုတ်ဖိုမြို့နယ် ရှမ်းကုန်းအုပ်စု၊ အောင်လံစုကျေးရွာတွင် လူသတ်မှုဖြစ်ပွားကြောင်း ရှမ်းကုန်းအုပ်စုအုပ်ချုပ်ရေးမှူး ဦးဇော်ဇော်နိုင်က အေးမြသာယာနယ်မြေရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားသောကြောင့် အုတ်ဖိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းလွင်၊ အေးမြသာယာနယ်မြေ  ရဲစခန်းမှူးရဲအုပ်သိန်းထွန်းဝင်း၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်စောလာ ဦးစီးနှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များ၊             သက်သေများနှင့်အတူအခင်းဖြစ်အရပ်သို့ သွားရောက်စစ်ဆေးခဲ့သည်။

စစ်ဆေးရာတွင်သေဆုံးသူမှာ အောင်တင်ဝင်း(၂၇)နှစ်၊ ကျပန်း၊ အောင်လံစုကျေးရွာ၊ ရှမ်းကုန်းအုပ်စု၊ အုတ်ဖို မြို့နယ်နေသူဖြစ်ကြောင်းသိရှိရပြီး ဦးမျိုးညွန့်(ခ)ချွန်ကြီး၏ နေအိမ်ခြံကွက်အတွင်း ပက်လက်အနေအထားဖြင့် ညာဘက်ဝမ်းဗိုက်အောက် ထိုးသွင်းဒဏ်ရာတစ်ချက်(အူများထွက်လျက်)၊ ဝဲဘက်လည်ပင်းထိုးသွင်း ဒဏ်ရာ တစ်ချက်၊ လည်ဂုတ်အထက် ပြတ်ရှဒဏ်ယာသုံးချက်တို့ရရှိပြီး ရရှိသောဒဏ်ရာများဖြင့် လဲကျသေဆုံးနေသည် ကိုစစ်ဆေးတွေ့ရှိရပြီး အခင်းဖြစ်အရပ်ရှိ ဖိုးတက်(ခ)သက်ခိုင်အားစစ်ဆေးရာ ၄င်း၏ညီဝမ်းကွဲ တော်စပ်သော သေဆုံးသူအောင်တင်ဝင်းသည် အခင်းမဖြစ်ပွားခင်က ၎င်း၏အိမ်၌စကားပြောနေခဲ့ကြောင်း၊ ထိုသို့ စကားပြော နေစဉ်တစ်ရွာတည်းနေအောင်အောင်(၂၁)နှစ်က အောင်တင်ဝင်းအား နေအိမ်သို့ အလည်လာမည်ဖြစ်ကြောင်း ပြောကြားစဉ်၊ သေဆုံးသူမှ “မလာနဲ့ကွာ”ဟု ပြန်လည်ပြောဆိုလိုက်သည်ကို စိတ်ဆိုးဒေါသထွက်ကာ “မလာဘူး ကွာ”ဟု ပြောဆိုခဲ့ကြောင်း၊ နာရီဝက်ခန့်အကြာ အောင်တင်ဝင်းသည် ဖိုးတက်(ခ)သက်ခိုင်၏နေအိမ်မှ ၄င်း၏နေအိမ်သို့အပြန် ဦးမျိုးညွန့်(ခ)ချွန်ကြီး ခြံဝင်းအားဖြတ်သန်းသွားလာစဉ် "အကိုကြီးရေ"ဟု အော်ခေါ်သံ ကြားသဖြင့် ဖိုးတက်(ခ)သက်ခိုင်နှင့် ဇနီးဖြစ်သူတို့က အိမ်ပေါ်မှ ဆင်းပြီးထွက်ကြည့်ရာ အောင်အောင်နှင့် ၄င်း၏ဖခင်ဖြစ်သူတို့က အသင့်စောင့်ဆိုင်းပြီး ၄င်းတို့တွင်ပါလာသောဓားဖြင့်ထိုးသည်ကိုတွေ့ရှိခဲ့ကြောင်း၊ “ငါ့ကို အောင်အောင်တို့သားအဖ ဓားနဲ့ထိုးသွားတယ်”ဟုပြောဆိုပြီး အောင်တင်ဝင်းမှာ သေဆုံးသွားကြောင်းသိရှိရ သည်။

ရန်ညိုးထားပြီးခုလိုလုပ်တာဖြစ်ကြောင်းနယ်ခံတစ်ဦးက ပြောသည်။ အမှုမှ တရားခံ အောင်အောင်နှင့် ၄င်း၏ဖခင်ဖြစ်သူ သန်းငွေတို့အားဖမ်းဆီးရမိရေးအတွက် ၄င်းတို့၏နေအိမ်ကို နံနက် ၄ နာရီအချိန်တွင် ဝင်ရောက်စီးနင်းရာ သန်းငွေအား ဖမ်းဆီးရမိပြီး အောင်အောင်မှာထွက်ပြေးနေသဖြင့် ထပ်မံကင်းပုန်းဝပ် စောင့်ဆိုင်းစဉ် နေအိမ်သို့ ပြန်လာသည့်အောင်အောင်အား ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လူသတ်မှုကျူးလွန်သူနှစ်ဦးအား အုတ်ဖိုမြို့နယ် အေးမြသာယာနယ်မြေ ရဲစခန်းမှ(ပ)၁၀၉/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ၃၀၂/၁၁၄ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ရွှေမြင့်ဦး(ရွှေပြည်သာ)






အခြားဆက်စပ်သတင်းများ