နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မင်းဘူးမြို့တွင် ရခိုင်ဒေသခံနေရပ်ပြန်ပြည်သူများအား မိမိတို့နေရပ်များသို့ ပြန်လည်ပို့ဆောင်နိုင်ရေးစီစဉ်ဆောင်ရွက်

မင်းဘူး    ဇူလိုင်    ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့သို့ ပြည်ပနိုင်ငံနယ်စပ်မြို့များမှ ပြန်လည်ဝင်ရောက်လာသူများဖြစ်သောရခိုင်ဒေသခံနေရပ်ပြန်ပြည်သူ(၄၁)ဦးတို့သည် မင်းဘူးမြို့၊ ခရိုင်အားကစားခန်းမသို့ ဇူလိုင် ၅ ရက်၊ နံနက် ၆ နာရီခွဲအချိန်က ဆက်လက်ရောက်ရှိလာပြီး ရခိုင်ပြည်နယ်အတွင်း နေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်နိုင်ရေးစီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မင်းဘူးမြို့မရဲစခန်းမှ သိရသည်။

အဆိုပါ နေရပ်ပြန်ပြည်သူအမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၁၈ ဦး၊ စုစုပေါင်း ၄၁ ဦးသည် ပြည်ပနိုင်ငံနယ်စပ် မြို့များရှိ စက္ကူစက်ရုံ၊ အထည်ချုပ်စက်ရုံ၊ နာနတ်သီးစက်ရုံနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်ခဲ့ကြပြီး ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင်နေထိုင်ကြသူများဖြစ်သည်။ နယ်စပ်မြို့များမှတစ်ဆင့် မင်းဘူးမြို့သို့ ဇူလိုင် ၅ ရက်၊ နံနက်ပိုင်းတွင် ရောက်ရှိကာခရိုင်အားကစားခန်းမအတွင်း ခေတ္တယာယီထားရှိပြီးနောက် မင်းဘူး မြို့၊ မြို့မရဲစခန်းမှူးဒုရဲမှူးမြင့်ဇော်နှင့် တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများကလိုအပ်သော စစ်ဆေးမှုများ ပြုလုပ်၍ မင်းဘူး-အမ်း-စစ်တွေကားလမ်း အတိုင်း ရခိုင်ပြည်နယ်သို့ ဆက်လက်ပို့ဆောင် ပေးခဲ့ကြကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်၊ မေလ ၅ ရက်မှ ဇူလိုင် ၅ ရက်နေ့ထိမင်းဘူးမြို့မှ ရခိုင်ပြည်နယ်သို့ နေရပ်ပြန် ပြည်သူအမျိုးသား ၃၁၇၃ ဦး၊ အမျိုးသမီး ၁၈၃၅ ဦး၊ စုစုပေါင်း ၅၀၀၈ ဦးတို့ကို ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း မှတ်တမ်းများအရ သိရသည်။ 

မောင်မောင်(မင်းဘူး)






အခြားဆက်စပ်သတင်းများ