နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဂျပန်နိုင်ငံတွင် ရေကြီးရေလျှံပြီး မြေပြို၍ စောင့်ရှောက်ရေးဂေဟာမှ လူ ၁၄ ဦးအပါအဝင် လူ ၁၅ ဦး သေဆုံး

တိုကျို၊ ဇူလိုင် ၅

ဂျပန်နိုင်ငံတောင်ပိုင်း ကျူရူကျွန်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် လူ ၁၅ ဦး သေဆုံးခဲ့ပြီး လူကိုးဦး ပျောက်ဆုံးလျက်ရှိကြောင်း NHK သတင်းဌာနက ဖော်ပြသည်။ သေဆုံးသူ ၁၄ ဦးကို ရေဖုံးလွှမ်းခဲ့သည့် စောင့်ရှောက်ရေးဂေဟာတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကျန်တစ်ဦးကို မြေပြိုကျမှုမှ ဆွဲထုတ်ခဲ့ခြင်းဖြစ်သည်။

သို့သော် သေဆုံးသူများကို တရားဝင်အတည်ပြုရခြင်းမရှိသေးပေ။ အဆိုပါဒေသတွင် နေထိုင်သူ ၂၀၀၀၀၀ ကျော်ကို ရွှေ့ပြောင်းပေးရန် အာဏာပိုင်များက ညွှန်ကြားထားပြီး ကယ်ဆယ်ရေးသမားများကို ကူညီပေးရန်အတွက် စစ်သည် ၁၀၀၀၀ စေလွှတ်ခဲ့သည်။
ကူမာမိုတိုစီရင်စုနှင့် ကာဂိုရှီမာစီရင်စုတို့မှာ ရေကြီးရေလျှံမှုနှင့် မြေပြိုမှုဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရသည်။ ရုပ်သံမှတ်တမ်းများအရ ကူမာမြစ်ပေါ်တွင် တည်ဆောက်ထားသည့် တံတားတစ်စင်း မျောပါသွားခဲ့ပြီး ကားနှင့် အိမ်များ ရေဖုံးလွှမ်းနေသည့် ဓာတ်ပုံများလည်း ထွက်ပေါ်လာခဲ့သည်။

အဆိုပါဒေသများတွင် ယခုလောက် မိုးသည်းထန်စွာရွာသွန်းမှုမျိုး မကြုံဖူးကြောင်း ဂျပန်နိုင်ငံ မိုးလေဝသ အေဂျင်စီက ပြောသည်။ ဇူလိုင်လ ၅ ရက် ညဉ့်သန်းခေါင်ယံအချိန်အထိ မိုးသည်းထန်စွာ ရွာသွန်းမည်ဟု ခန့်မှန်းထားရာ ဒေသခံများအနေဖြင့် အသင့်အနေအထား နိုးနိုးကြားကြားရှိကြရန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တိုက်တွန်းထားသည်။   

KNT






အခြားဆက်စပ်သတင်းများ