နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နေပြည်တော်-မြို့သစ်-ကံပြား(မကွေး)ကားလမ်း ရေရှည်တည်တံ့ခိုင်မြဲရေး တန်ပိုစစ်ဆေးရေးဂိတ်တည်ဆောက်

မကွေး  ဇူလိုင် ၃


မကွေးခရိုင်၊ မြို့သစ်မြို့နယ် နေပြည်တော်-မြို့သစ်-ကံပြား(မကွေး) လမ်း ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် မိုင်တိုင်အမှတ်(၄၂)အနီးတွင် တန်ပိုစစ်ဆေးရေးဂိတ်တည်ဆောက်နေကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။


နေပြည်တော်-မြို့သစ်-ကံပြား(မကွေး)လမ်းတွင်  တန်ပိုစစ်ဆေးရေး ဂိတ်မရှိသဖြင့် တန်ပိုယာဉ်များ များစွာ ဖြတ်သန်းနေသော လမ်းဖြစ်နေသည့်အတွက် မြို့နယ်လမ်းဦးစီးဌာနမှ သတ်မှတ်ထားသောတန်ချိန်အတိုင်း တင်ဆောင်သွားလာခြင်းရှိစေရန် နေပြည်တော်-တောင်ညို-မြို့သစ်-ကံပြား(မကွေး)လမ်း ရေရှည်တည်တံ့စေရေး အတွက် ဆောင်ရွက်တည်ဆောက်ရခြင်းဖြစ်ကြောင်း မြို့နယ်လမ်းဦးစီးဌာန SAE ဦးငြိမ်းချမ်းထံမှ သိရသည်။


အဆိုပါ တန်ပိုစစ်ဆေးရေးဂိတ်ကို တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၉ဝဖြင့် အကုန်အကျခံတည်ဆောက် နေခြင်းဖြစ်ပြီး  မကွေးခရိုင်လမ်းဦးစီးဌာနအစီအစဉ်ဖြင့် မြို့သစ်မြို့နယ်လမ်းဦးစီးဌာနမှ မတ် ၁ရက် မှစတင်ကာ တာဝန်ယူတည်ဆောက်နေခြင်းဖြစ်ပြီး ယခုနှစ် စက်တင်ဘာ ၃ဝ ရက်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။


ကျော်ဆန်းမြင့်






အခြားဆက်စပ်သတင်းများ