နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်းများကို FDA မှ ကြေညာ

ရန်ကုန်   ဇူလိုင် ၃


ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသောအလှကုန်ပစ္စည်းများကို ပြည်သူများသုံးစွဲနိုင်ရန် စနစ်တကျကွပ်ကဲစစ်ဆေးလျက်ရှိသည်။


အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ပြည်တွင်း၌ရောင်းချနေသည့် အလှကုန်ပစ္စည်း များကိုပြီးခဲ့သည့်ဇွန်လက စစ်ဆေးခဲ့ရာအလှကုန်ပစ္စည်းအမျိုးအစား ၁၀ မျိုးသည် အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိဘဲ ကျန်းမာရေးအတွက် ဘေးထွက်ဆိုးကျိုး ဖြစ်စေနိုင်သည့် တားမြစ်ဓာတုပစ္စည်းများပါဝင်နေကြောင်းကိုစစ်ဆေးတွေ့ရှိခဲ့ရသဖြင့် ပြည်သူများသုံးစွဲရန် မသင့်ကြောင်းကို  ဇူလိုင် ၃ ရက် နံနက်ပိုင်းက ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။ 


သုံးစွဲရန်မသင့်သည့် အလှကုန် ၁၀ မျိုး၏အမည်များမှာ Sky Cosmetic Co.,Ltd., Korea ကုမ္ပဏီမှ ထုတ်လုပ်သည့် SKY PearL&Curcumin Cream(20) g ပါဝင်သည့် ပစ္စည်း၊ Made in Thailand ထုတ် Beauty Lady Whitening Night Cream (10) g ၊ Made in China ထုတ် O. TWO.O Velvet Lip Glide-21(5.7ml)၊ Made in Canada ထုတ် Padma MAC Matte Liquid Lipstick-05, Lipstick-06၊ ကုမ္ပဏီအမည်ဖော်ပြထားခြင်းမရှိ သည့် Color Water Candy Tint Red Mango (10ml), Magic Lipstick-06, BF Beauty Face, Kiss Beauty 18 Color Shimmer Eyseshadow-3, CLARIS Darksport Reducer စသည့်အမျိုးအစားများဖြစ်သည်။


အဆိုပါအလှကုန်ပစ္စည်းများကိုအသုံးပြုပါကအရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက် များဖြစ်ခြင်း၊ အရေပြားမှတစ်ဆင့် ခန္ဓာကိုယ်အတွင်းသို့စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်း နှင့် အခြားရောဂါများကိုပါဖြစ်စေနိုင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက ထုတ်ပြန်ကြေညာထားသည်။


(NWA)






အခြားဆက်စပ်သတင်းများ