နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
YBS 27 ယာဉ်တစ်စီး အင်ဂျင်ခန်းရှိ ဝါယာကြိုးများအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

ရန်ကုန်   ဇူလိုင်   ၃


ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်းမြို့နယ်)၊ မင်းရဲကျော်စွာလမ်းမပေါ်တွင် ဇူလိုင် ၃ ရက်၊ နံနက် ၉ နာရီ ၅၀ မိနစ်အချိန်ခန့်က YBS 27 ယာဉ်တစ်စီးသည် အင်ဂျင်ခန်းအတွင်းရှိ ဝါယာကြိုးများ အပူလွန်ကဲရာမှ  မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ ဒဂုံမြို့သစ်(အရှေ့ပိုင်းမြို့နယ်)မီးသတ်စခန်းမှ မီးသတ် တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်တစ်စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာနံနက် ၉ နာရီ ၅၈ မိနစ်အချိန်ခန့်တွင် မီးငြိမ်းခဲ့သည်။

အဆိုပါ YBS 27 ယာဉ် မီးလောင်မှုဖြစ်ပွားစဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ