နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန္တလေးမြို့လမ်းများ နိုင်လွန်ကတ္တရာ တိုးမြှင့်ခင်းကျင်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နိုင်လွန်ကတ္တရာလမ်း ၈၈ ဒသမ ၇၂ မိုင်ခင်းမည်

မန္တလေး   ဇူလိုင်   ၃


မန္တလေးတိုင်းဒေသကြီးအစိုးရ စည်ပင်သာယာရေးဝန်ကြီး မန္တလေးမြို့တော်ဝန်ဒေါက်တာရဲလွင်သည် ဇူလိုင်၂ ရက် နံနက် ၈ နာရီက မန္တလေးမြို့သန့်ရှင်းသာယာရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက်     ဆောင်ရွက်လျက်ရှိသော မန္တလေးမြို့လမ်းများ နိုင်လွန်ကတ္တရာတိုးမြှင့်ခင်းနေမှုများကို လိုက်လံကြည့်ရှု စစ်ဆေး သည်။ မြို့တော်ဝန်နှင့်တာဝန်ရှိသူများသည် မဟာအောင်မြေမြို့နယ် ၆၃ လမ်းကို ၃၅ လမ်းမှ သိပ္ပံလမ်းအထိ အကျယ်ပေ ၄၀ နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်း၊ ပြည်ကြီးတံခွန်မြို့နယ် ၅၆ လမ်းကို မင်းကြီးရန်နောင်လမ်း နှင့်မန္တလေး-ပြင်ဦးလွင်ရထားသံလမ်းကြား အကျယ် ၁၈ ပေ၊ အရှည် ၂၂၅၂ ပေကို နိုင်လွန်ကတ္တရာလမ်းခင်းခြင်းဆောင်ရွက်နိုင်ရန် အခြေခံလွှာခင်းခြင်းလုပ်ငန်းနှင့် အောင်မြေသာစံမြို့နယ် ၂၃ လမ်းနှင့် ၂၄ လမ်းကြား ၅၉ လမ်းနှင့် လမ်း ၆၀ကြား ရေစစ်ကန်အရှေ့ဘက်လမ်းနှင့်တောင်ဘက်လမ်း နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်း  ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို  လမ်းတံတားဌာနမှူးနှင့်တာဝန်ခံအင်ဂျင်နီယာများအား ဖြည့်ဆည်းမှာကြားသည်။


မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ၂၀၁၉-၂၀၂၀ နိုင်လွန်ကတ္တရာလမ်း ၈၈ ဒသမ ၇၂ မိုင်၊ ရိုးရိုးကတ္တရာလမ်း ၇ ဒသမ ၄၁ မိုင် ခင်းခြင်းဆောင်ရွက်လျက်ရှိပြီး ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်မှ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အထိ မီနီဘတ်ဂျက်အပါအဝင် သုံးနှစ်ခွဲကာလအတွင်းလမ်းအရေအတွက် ၉၆၈ လမ်း၊ လမ်းအရှည် ၃၃၂ ဒသမ ၃၁မိုင် နိုင်လွန်ကတ္တရာလမ်းများခင်းပေးနိုင်ခဲ့ကြောင်း သိရသည်။


မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ