နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖန်လုံအိမ်ဓာတ်ငွေ့နှင့် ရာသီဥတုပြောင်းလဲမှု

ရန်ကုန်၊ ဇူလိုင် ၃


ကမ္ဘာကြီးသည် လွန်ခဲ့သောရာစုနှစ်များကထက်ပို၍ ပူနွေးလာသည်။ ဤသည်ကိုအကြောင်းပြု၍ ဒေသအသီးသီး၏ ရာသီဥတုဖြစ်စဉ်ပြောင်းလဲလာသည်။ ရာသီဥတုပြောင်းလဲမှုကို ကမ္ဘာတစ်ဝန်းတွင်သာမက မြန်မာနိုင်ငံတွင်လည်း ရင်ဆိုင်တွေ့ကြုံနေရပြီဖြစ်သည်။ ယခုအခါ သစ်တောသစ်ပင်လျော့နည်းလာပြီး              သဘာဝပတ်ဝန်းကျင်ပြောင်းလဲလာသဖြင့် ရာသီဥတုဖောက်ပြန်မှုများနှင့် ကြုံတွေ့ရသည်မှာ အမှန်ပင် ဖြစ်သည်။ မိုးခေါင်ခြင်း၊ မိုးများခြင်း၊ ပူပြင်းမှုကာလရှည်လျားခြင်း၊ ဆောင်းကာလတိုခြင်းတို့ ကြုံတွေ့နေရသည်။

လက်ရှိအခြေအနေတွင် ကမ္ဘာတစ်ဝန်း ဖန်လုံအိမ်အာနိသင်ရှိဓာတ်ငွေ့များ ထုတ်လွှတ်မှုသည်မြင့်တက် လျက်ရှိကြောင်း ကုလသမဂ္ဂက အသိပေးထားသည်။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာအဖွဲ့အစည်း၏ ဆန်းစစ်ချက် အစီရင်ခံစာတွင် ဟိုက်ဒရိုဖလူရိုကာဗွန်အပါအဝင် ဖန်လုံအိမ်ဓာတ်ငွေ့များ မလျှော့ချနိုင်ခြင်းကြောင့် ငွေကုန် ကြေးကျများပြားစေခြင်း၊ ကာဗွန်ပိုမိုထုတ်လုပ်စေသည့် အခြေခံအဆောက်အအုံများ ဆောက်လုပ်ခြင်း၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အခြေခံအဆောက်အအုံများ ဆောက်လုပ်ခြင်း၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို လျော့နည်းကျဆင်းခြင်း၊ လွန်ကဲသောရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ ဖြစ်ပေါ်ခြင်းအစရှိသည့် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်စေသည်ဟု ဖော်ပြထားသည်။


ကမ္ဘာတွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လုပ်မှု မြင့်တက်လာခြင်းကို ကမ္ဘာ့အသိုင်းအဝိုင်းက ကာဗွန်ဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့များ ထုတ်လွှတ်မှုလျှော့ချသွားရန် လျင်လျင်မြန်မြန်ဆောင်ရွက်သွားရန်လိုအပ်သည်။ ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုသည် လက်ရှိအနေအထားအတိုင်း ဆက်လက်ထုတ်လွှတ်ခွင့်ပြုထားလျှင် နောက်ပိုင်းထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်သွားရန်မလွယ်ကြောင်း ကုလသမဂ္ဂက သတိပေးထား သည်။ 

သစ်တောဦးစီးဌာနသည် မြန်မာ့သစ်တောမူဝါဒရည်မှန်းချက်များနှင့် နှစ် ၃၀ အမျိုးသား သစ်တောကဏ္ဍ ပင်မစီမံကိန်းရည်ရွယ်ချက်များ ပြည့်မီစေရန်အတွက်လည်းကောင်း၊ ကုလသမဂ္ဂရာသီဥတုပြောင်းလဲခြင်း   မူဘောင်ဆိုင်ရာကွန်ဗင်းရှင်းနှင့် အခြားအပြည်ပြည်ဆိုင်ရာ ကတိကဝတ်များကိုဖြည့်ဆည်းနိုင်ရန်အတွက် လည်းကောင်း၊ သစ်တောများထာဝစဉ်တည်တံ့စေရေးအတွက် နှစ်တို၊ နှစ်ရှည်စီမံချက်ရေးဆွဲပြီး လုပ်ငန်းများ အကောင်အထည်ဖော်လျက်ရှိသည်။ ရည်ရွယ်ချက်မျိုးစုံဖြင့် သစ်ပင်များစိုက်ပျိုးခြင်း၊ သစ်တောများ တည်ထောင်ခြင်းတို့ကို မြန်မာနိုင်ငံတစ်ဝန်းနေရာဒေသအမျိုးမျိုးတွင် ဆောင်ရွက်လျက်ရှိသည်။


သစ်ပင်၊ သစ်တောများသည် သစ်နှင့်သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းအမျိုးမျိုးကို ထောက်ပံ့ပေး သကဲ့သို့ ငွေကြေးဖြင့် တန်ဖိုးမဖြတ်နိုင်သော ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှုများကိုလည်း ပံ့ပိုးပေးလျက် ရှိသည်။  သက်ရှိများအတွက် အကျိုးကျေးဇူးများစွာပြုလျက်ရှိပြီး ဖွံ့ဖြိုးမှုအားလုံး၏ ဗဟိုချက်လည်း ဖြစ်သည်။ သစ်တောဂေဟစနစ် မပျက်စီးစေရန်နှင့် ဖန်လုံအိမ်ဓာတ်ငွေ့လျော့နည်းကျဆင်းစေရေး လူတစ်ကိုယ်သစ်တစ်ပင်စိုက်ပျိုးစေချင်ကြောင်း ။          ။






အခြားဆက်စပ်သတင်းများ