နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Android 10 Update ရရှိလာသည့် Redmi 8 စမတ်ဖုန်း

ဇူလိုင် ၂


Xiaomi က ဖုန်းဟောင်းများကိုလည်း Android 10 Update ပေးရေးလုပ်ဆောင်နေပြီးယခုအခါတွင် Android 10 Update နောက်ဆုံးရရှိလာသည့် စမတ်ဖုန်းကRedmi 8 ဖြစ်သည်။Redmi 8 ကို၂၀၁၉ခုနှစ်၊ အောက်တိုဘာလတုန်းက Android 9 Pie နှင့် ကြေညာရောင်းချခဲ့ခြင်းဖြစ်သည်။

Redmi 8 စမတ်ဖုန်းက Android 10 Update ရရှိလာခြင်းဖြစ်ပြီး MIUI 12 မရရှိပေ။ Android 10 အခြေပြု MIUI 11.0.1.0 QCNCNXM ဗားရှင်းရရှိလာခြင်းဖြစ်သည်။


Android 10 Update နှင့်အတူ၂၀၂၀ ပြည့်နှစ်၊ ဇွန်လအတွက် လုံခြုံရေးတိုးမြှင့်မှုလည်းရရှိခဲ့သလို Bugs များကိုဖြေရှင်းခြင်း၊ စွမ်းဆောင်ရည်ကောင်းမွန်လာအောင် လုပ်ဆောင်ခြင်းတို့ကိုလည်းလုပ်ဆောင်ပေးထားသည်။

မကြာမီကာလအတွင်းမှာ Redmi 8 စမတ်ဖုန်းအသုံးပြုသူများအနေဖြင့် MIUI 12 Update လည်း ရရှိလာဦးမည်ဖြစ်သည်။


(သူရိန်)






အခြားဆက်စပ်သတင်းများ