နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တောင်ဥက္ကလာပမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ပေး

ရန်ကုန် ဇူလိုင် ၂


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်းနှင့် အသစ်လျှောက်ထားခြင်းအား ဇူလိုင် ၁ ရက် နံနက်ပိုင်းကပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစောနိုင်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးမှူး ဦးညွန့်ဦးနှင့် ဝန်ထမ်းများ၊ (၆)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနှင့် အဖွဲ့ဝင်များ ပူးပေါင်း၍ အမှတ်(၆)ရပ်ကွက်၌ အိမ်တိုင်ရာရောက် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် နိုင်ငံသားစိစစ်ကတ်ပြားပြုလုပ်ထားသူ (၆၁) ဦးအား  နိုင်ငံသားစိစစ်ရေးကတ်ပြားများ အိမ်တိုင်ရာရောက် ကွင်းဆင်း၍ ထုတ်ပေးနိုင်ခဲ့သည်။  ပြည်သူများ အနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရန်၊ လူစုလူဝေးမဖြစ်စေရန်၊ အကြောင်းအမျိုးမျိုး ကြောင့် ပျက်စီး၊ ပျောက်ဆုံးခြင်းနှင့် အသစ်လျှောက်ထားခြင်းအား  လာရောက်မလုပ်ဆောင်နိုင်သူများ အား အဆင်ပြေစေရန် မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ အလှည့်ကျကွင်းဆင်း၍ ဆောင်ရွက်ပေးခြင်း လည်း ဖြစ်သည်။ ထို့ပြင် ကျန်ရှိနေသေးသော ရပ်ကွက်များသို့ ဆက်လက်၍ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နေထက်အောင်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ