နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၆၅) ရပ်ကွက်၊ ပြည်ထောင်စုလမ်းရှိ အမှတ် (၇) အခြေခံပညာ အလယ်တန်းကျောင်း သန့်ရှင်းသာယာလှပစေရေး

ဧပြီ ၂၅ ရက်က မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူး ကြီးကြပ်၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် ဌာနများက တွဲဖက်ဝန်ထမ်းများ ပူးပေါင်းအင်အား ၄၀ ဦးဖြင့် မြက်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ပင်အောက်တက်များ ရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများ ဖြတ်ညှိပုံသွင်း အလင်းဖွင့်ခြင်း၊ ကျောင်းအမိုးပေါ်ရှိ သစ်ရွက်ကြွေ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းအတွင်းရှိ အမှိုက်နှင့် မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း၊ သစ်ရွက်ခြောက်ကြွေများ၊ သဲ၊ ခဲများ လှည်းကျင်းရှင်းလင်းခြင်း၊ ကျောင်းတွင်း/ ကျောင်းပြင် သန့်ရှင်းရေးပြုလုပ်ခြင်း၊ ထွက်ရှိ အမှိုက်၊ သစ်ကိုင်းသစ်ခက်နှင့် မြောင်းချေးများကို ယာဥ်နှစ်စီးဖြင့် သိမ်းဆည်းသယ်ယူ စွန့်ပစ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ရေစည်ရေကန်များကို အဘိတ်ဆေး ခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်ပြုလုပ်ခြင်း၊ ကျန်းမာရေးပညာပေး လက်ကမ်းစာစောင်များ ပေးဝေခြင်းတို့ ဆောင်ရွက်ကြစဉ်။                            







ယဉ်မွန်






အခြားဆက်စပ်သတင်းများ