နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပုဇွန်တောင်မြို့နယ်တွင် စည်းကမ်းမဲ့စွန့်ပစ်အမှိုက်များ သိမ်းဆည်းရှင်းလင်း

ရန်ကုန်  ဇူလိုင် ၂


ပုဇွန်တောင်မြို့နယ် စည်ပင်သာယာရေးကော်မတီ၏ စီစဉ်မှုဖြင့် ပုဇွန်တောင်မြို့နယ် မြို့ပြပတ်ဝန်းကျင်                ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန တာဝန်ခံ ဦးမျိုးသန့်နှင့် ဒုတိယတာဝန်ခံ ဦးဟိန်းလတ်စိုးတို့ ဦးဆောင်ကာ ဝန်ထမ်းများဖြင့်ဇူလိုင် ၂ ရက် နံနက်က အမှတ်(၃)ရပ်ကွက်၊ (၄)ရပ်ကွက်နှင့် (၅) ရပ်ကွက် အတွင်းလမ်းများ၏ ဝဲယာတို့တွင် စည်းကမ်းမဲ့ စွန့်ပစ်ထားသည့် အမှိုက်များ စားကြွင်းစားကျန်အမှိုက်ထုတ်များ လူ့အသုံး အဆောင် စွန့်ပစ်ပစ္စည်းများအား ရှင်းလင်းသိမ်းဆည်းပေးခဲ့ကြသည်။ 


လမ်းဘေးဝဲယာအမှိုက်များ များပြားလာမှုကြောင့် ကြွက်၊ ခြင်၊ ယင်များ ပေါများလာခြင်း၊ ခွေးလေခွေးလွင့် များကြောင့် မသန့်ရှင်းသည့် ပတ်ဝန်းကျင်ဖြစ်ပေါ်စေကာ ရောဂါဘယများ ထူပြောလာနိုင်သဖြင့် ယခုလို ရပ်ကွက်များအတွင်း သန့်ရှင်းသပ်ရပ်စေရေး ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်းနှင့် သန့်ရှင်းသပ်ရပ်သည့် ပတ်ဝန်းကျင်အားဝိုင်းဝန်းထိန်းသိမ်းကြရန်လိုအပ်မည်ဖြစ်ကြောင်း နှိုးဆော်ခဲ့ကြသည်။               


မောင်မောင်






အခြားဆက်စပ်သတင်းများ