နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပါးစိုက်ရာသီတွင် နာနတ်သီးဝယ်ယူစားသုံးသူ ပိုများလာပြီး တစ်နိုင်တစ်ပိုင် နာနတ်သီးစိုက်ပျိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ

မိုင်းယောင်း ဇူလိုင် ၂


ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဒေသခံအချို့သည် နာနတ်သီးများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ စီးပွားရေးအဆင်ပြေနေကြကြောင်း သိရသည်။


မိုးစပါးစိုက်ရာသီ၌ ယခုကဲ့သို့ ရာသီဥတုပူပြင်းသည့်အရှိန်ကြောင့် ဆေးဖက်ဝင်ပြီး ဝမ်းအေး၊ ဝမ်းမှန်စေသည့် ရာသီစာ နာနတ်သီး အရောင်းအဝယ်လုပ်ငန်းမှာ အဆင်ပြေနေလျက်ရှိကြောင်း၊ နာနတ်သီး တစ်လုံးလျှင် ကျပ် ၅၀၀ မှ ကျပ် ၂၀၀၀ အထိ ရောင်းရကြောင်း တစ်နိုင်တစ်ပိုင်  နာနတ်သီး စိုက်ပျိုးရောင်းချသည့် အမျိုးသမီးတစ်ဦးထံမှ သိရသည်။


မိုင်းယောင်းဒေသက ထွက်သည့် နာနတ်သီးများသည် ဒေသမျိုးကို သဘာဝအတိုင်း စိုက်ပျိုးထားသဖြင့် အန္တရာယ်ကင်းပြီး အနံအရသာနှင့် ပြည့်စုံကောင်းမွန်ခြင်းကြောင့် ရာသီဥတုပူပြင်းမှုနှင့်အတူ စပါးစိုက်ရာသီတွင် နာနတ်သီး ဝယ်ယူစားသုံးသူ ပိုများလာပြီး ယခုရက်ပိုင်းတွင် နာနတ်သီးရောင်းချသူများ အဆင်ပြေနေကြကြောင်း သိရသည်။                                                     


စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ