နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Fever Clinic တွင် တီဘီရောဂါရှာဖွေခြင်းကိုပါ ဆောင်ရွက်သွားမည်

ရန်ကုန် ဇူလိုင် ၂


COVID-19 ကူးစပ်ရောဂါကာကွယ်နိုင်ရန်အတွက် ဖွင့်လှစ်ထားသော Fever Clinic များနှင့် ပူးပေါင်း၍ တီဘီရောဂါ ရှာဖွေရေးလုပ်ငန်းကို အရှိန်အဟုန်မပျက်လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး သတ်မှတ်ညှိနှိုင်းထားသော နေ့ရက်များတွင် တီဘီဌာနမှ တီဘီဆရာဝန် တစ်ဦး၊ ဓာတ်မှန်ကျွမ်းကျင် တစ်ဦးနှင့် ဓာတ်မှန်အကူ တစ်ဦးတို့သည် Fever Clinic များသို့ လာရောက်သော လူနာများအနက်မှ တီဘီသံသယလူနာများကို portable Digital X Ray ရွေ့လျားဓာတ်မှန် စက်ကြီးများဖြင့် တီဘီရောဂါရှိ/မရှိ စစ်ဆေးခြင်းများကို Mobile Team လုပ်ငန်းများဖြင့်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။


အဆိုပါစစ်ဆေးခြင်းများတွင် တီဘီရောဂါတွေ့ရှိပါက သက်ဆိုင်ရာ မြို့နယ်တီဘီဌာနများသို့ လွှဲပြောင်း ခြင်းကို ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။


Mobile Team သို့လာရောက်မည့် နေ့ရက်များနှင့် နေရာများမှာ တနင်္လာနေ့တွင် လှိုင်၊ ကြည့်မြင်တိုင်၊ ဒဂုံ(အရှေ့ပိုင်း) မြို့နယ်တွင်လည်းကောင်း၊ အင်္ဂါနေ့တွင် သာကေတ၊  ရွှေပြည်သာမြို့နယ်တို့တွင် လည်းကောင်း၊ ဗုဒ္ဓဟူးနေ့တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)၊ တာမွေ၊ ရန်ကင်းမြို့နယ်တို့တွင် လည်းကောင်း၊ ကြာသပတေးနေ့တွင် အင်းစိန်၊ မြောက်ဒဂုံ မြို့နယ်တို့တွင်လည်းကောင်း၊ သောကြာနေ့တွင် မင်္ဂလာတောင်ညွန့်၊ တောင်ဥက္ကလာပမြို့နယ်တို့တွင်လည်းကောင်း၊ စနေနေ့တွင် မရမ်းကုန်း၊ လှိုင်သာယာမြို့နယ်တို့တွင်လည်းကောင်း လာရောက်ပြသနိုင်မည်ဖြစ်သည်။ 


(WP)






အခြားဆက်စပ်သတင်းများ