နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အူရီဒူးမြန်မာမှ အွန်လိုင်းမှတစ်ဆင့် ဝန်ဆောင်မှုများကို စုံစမ်းနိုင်မည့် ဒစ်ဂျစ်တယ်ပလက်ဖောင်းကို မိတ်ဆက်

ရန်ကုန် ဇူလိုင် ၂


မြန်မာနိုင်ငံတွင်ဆန်းသစ်တီထွင်ဖန်တီးမှုများဖြင့် ထိပ်တန်းဒစ်ဂျစ်တယ်ဝန်ဆောင်မှုများကို ပေးအပ်နေသည့် အူရီဒူးမြန်မာအနေဖြင့် စီးပွားရေးလုပ်ငန်းသုံး ဝန်ဆောင်မှုများကို အသုံးပြုနေသည့် သုံးစွဲသူများအတွက် စီးပွားရေးလုပ်ငန်းလိုအပ်ချက်အသစ်များနှင့် လက်ရှိဝန်ဆောင်မှုများနှင့် ပတ်သတ်၍ လုပ်ငန်းသုံး ဝန်ဆောင်မှုများကို အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုသစ် တစ်ခုကို မိတ်ဆက်ပေးလိုက်ပြီ ဖြစ်သည်။


သုံးစွဲသူများအနေဖြင့် အူရီဒူးစီးပွားရေးလုပ်ငန်းသုံးဝန်ဆောင်မှုများနှင့် ထုတ်ကုန်များဖြစ်သည့် ကြိုတင်ငွေ ပေးချေစနစ်၊ အသုံးပြုပြီးမှ ငွေပေးချေသည့်စနစ်၊ မိုဘိုင်းအင်တာနက်၊ နိုင်ငံရပ်ခြားသို့ဆက်သွယ်ခြင်း၊ Office from Home ဝန်ဆောင်မှု၊ သုံးစွဲသူအများအပြားသို့ တစ်ပြိုင်တည်း မက်ဆေ့ချ်ပေးပို့နိုင်သည့် Bulk SMS၊ Data Pool၊ M2M ဝန်ဆောင်မှု၊ သီးသန့်အင်တာနက် ဝန်ဆောင်မှုများ ဖြစ်သည့် (သီးသန့်အင်တာနက်၊ Domestic Private Leased Service၊ International Private Leased Circuits)၊ ပြည်ပသုံးအင်တာနက်အစီအစဉ်နှင့် သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် သုံးစွဲသူ၏ လိုအပ်ချက်အလိုက်ဆောင်ရွက်ပေးသည့် ဝန်ဆောင်မှုများနှင့် ပတ်သတ်သည့် သတင်းအချက်အလက်များကို သုံးစွဲသူများအနေဖြင့် စုံစမ်းနိုင်မည် ဖြစ်ပါသည်။ စုံစမ်း မေးမြန်းထားသူများအား အူရီဒူးစီးပွားရေးဌာနမှ စုံစမ်းမေးမြန်းမှုပုံစံကို လက်ခံရရှိသည့်အချိန်၏ ၃နာရီမှ ၄နာရီအတွင်း (ရုံးချိန်အတွင်း) ပြန်လည်ဆက်သွယ် ဖြေကြားပေးသွားမည် ဖြစ်ကြောင်းသိရသည်။


အဆိုပါ ဝန်ဆောင်မှုအတွက် အွန်လိုင်းမှ မေးမြန်းစုံစမ်းနိုင်သည့်ပုံစံကို ရယူနိုင်ရန် သုံးစွဲသူများအနေဖြင့် Ooredoo Business Facebook စာမျက်နှာသို့ ဝင်ရောက် လေ့လာနိုင်သည့်အပြင် (သို့) အူရီဒူး ဝက်ဘ်ဆိုက် http://ore.do/9jntf တွင် တိုက်ရိုက်ရယူနိုင်မည် ဖြစ်ကြောင်းသိရသည်။                


AMH(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ