နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လိပ်သိုမြို့ ဒေသထွက် မျှစ်များ ရန်ကုန်၊ နေပြည်တော် စျေးကွက်သို့ တင်ပို့ရောင်းချ

လိပ်သို ဇူလိုင် ၂


ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ဒေသထွက်ဖြစ်သော ကျေးရွာများမှ ယခုအခါ သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသော ဝါးရုံများမှ မျှစ်များကို စားသုံးရန်နှင့် မိသားစုဝင်ငွေ ရရှိရေးအတွက် မျှစ်များ ချိုးယူ ရောင်းချလျက် ရှိကြောင်းသိရသည်။


အချို့သော ဒေသခံများမှာ မျှစ်များကို မျှစ်ချဉ်၊ မျှစ်ခြောက်ပြုလုပ်၍ သိုလှောင်ထားရှိကာ ဆောင်းရာသီနှင့် နွေရာသီတို့တွင် ပြန်လည်ရောင်းချလျက် ရှိကြသည်။ ယခု ချိုးယူရောင်းချလျက်ရှိသော မျှစ်များမှာ ဝါးဘိုးမျှစ်၊ ဝါးသပွတ်မျှစ်နှင့် ကြသောင်းဝါးမျှစ်ဖြစ်ပြီး ဝါးသပွတ်မျှစ်မှာ စားသုံးရန်အတွက်သာ ချိုးယူလျက်ရှိကြောင်း ပြည်သူများထံမှ သိရသည်။


ကိုဗစ်- ၁၉ ရောဂါ  ဖြစ်ပွားနေစဉ်ကာလအတွင်း ဝယ်ယူစားသုံး သူနည်းပါး၍ အရောင်းအဝယ်ပါးမှုကြောင့် မျှစ်များ စျေးကွက်သို့ တင်ပို့ရောင်းချရာတွင် ရောင်းချရမှု နည်းပါးလျက်ရှိကြောင်း သိရသည်။


" မျှစ်များကို စျေးကွက်သို့ တင်ပို့ ရောင်းချရာ အချို့မှာ  လိပ်သိုမြို့ပေါ်နှင့် နီးစပ်ရာ မျှစ်အဝယ်ဒိုင်များသို့ မော်တော်ဆိုင်ကယ်များဖြင့် သယ်ယူရောင်းချလျက်ရှိရာ မျှစ်တစ်ပိဿာကို ၂၇၀ ကျပ် ရောင်းချနေရပါတယ်၊ ယခင်နှစ်က ဒီအချိန်မှာ မျှစ်တစ်ပိဿာကို ၄၀၀ နှုန်းအထိ ရောင်းနေရတယ် " ဟု မျှစ်ရောင်း ဝယ်သူတစ်ဦးထံမှ သိရသည်။ ဒေသထွက်ကုန် တစ်မျိုးဖြစ်သော မျှစ်များမှာ ဇူလိုင်လဆန်းပိုင်းမှာ လှိုင်လှိုင်ပေါ်မည်ဖြစ်ကြောင်း သိရသည်။


နွယ်နွယ်ခိုင်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ