နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
(၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 ရန်ကုန်   ဇူလိုင်   ၁


၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၁ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့တော်ခန်းမရှိ အစည်းအဝေးခန်းမ(၄)၌ ကျင်းပသည်။


အစည်းအဝေးတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အစည်းအဝေးသည် (၇၃)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရေးနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းဆောင်ရွက်ရန်အတွက်ခေါ်ယူခြင်းပင်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကျင်းပရေးပုံစံအနေဖြင့် ယမန်နှစ်များနှင့် ကွဲပြားသည့်အချက် များရှိကြောင်း၊ ယင်းမှာ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့်ဖြစ်ပေါ်နေသာ COVID-19 အခြေအနေကြောင့်ဖြစ်ပြီး ကန့်သတ်ချက်များရှိနေသေးသောကာလအတွင်းတွင် နိုင်ငံတော်၏အခမ်းအနားတစ်ခုကို ကျင်းပရခြင်းဖြစ် သည့်အတွက် စနစ်တကျခမ်းခမ်းနားနားကျင်းပနိုင်ရန်လိုကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီတွင် ဆောင်ရွက်နေကြသူများထဲမှ အချို့သောသူများအနေဖြင့် အငြိမ်းစားယူခြင်း၊ ထွက်သွားခြင်း များရှိကြောင်း၊ ထို့ကြောင့် တာဝန်ယူဆောင်ရွက်ကြသူများအနေဖြင့် သိရှိနိုင်ရန်အတွက် ယနေ့အစည်းအဝေး ကို ခေါ်ယူရခြင်းဖြစ်ကြောင်း။


ဆောင်ရွက်ရမည့်လုပ်ငန်းများကို မြေပြင်၌အမြန်ဆုံး လက်တွေ့အကောင်အထည်ဖော်လုပ်ဆောင်သွား ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတရုံး၏ ၁၃-၅-၂၀၂၀ က အမိန့်ကြော်ငြာစာအမှတ် ၆၉/၂၀၂၀၊ (၇၃)နှစ် မြောက် အာဇာနည်နေ့အခမ်းအနားကျင်းပရေးဗဟိုကော်မတီကိုဖွဲ့စည်းခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့အနေဖြင့်လည်း ဆပ်ကော်မတီများကို ဖွဲ့စည်းခဲ့ပါကြောင်း၊ ယင်းဆပ်ကော်မတီများတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်များနှင့် ဌာနမှူးများပါဝင်နေပါကြောင်း၊ ထို့ကြောင့် မိမိတို့ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ပြတ်ပြတ်သားသားဆွေးနွေးတိုင်ပင်သွားရန်လိုကြောင်း၊ ကျန်းမာ ရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် COVID-19 ကူးစက်ရောဂါကာကွယ်၊ တားဆီး၊ ထိန်းချုပ် မှုဆိုင်ရာအမိန့်၊ ညွှန်ကြားချက်၊ သတိပေးချက်၊ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန် လိုကြောင်း၊ (၇၃)နှစ်မြောက်အာဇာနည်နေ့အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ လုပ်ငန်းတာဝန်များ လစ်ဟာမှုမရှိစေရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားကြရန်လိုကြောင်း ထည့်သွင်းပြော ကြားခဲ့သည်။


ထို့နောက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွဲဖက်အတွင်းရေးမှူး ဦးသန်းက အာဇာနည် ဗိမာန်၌ဆောင်ရွက်ရမည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုများကြိုဆိုနေရာချထားရေး၊ အချိန်မီ မှတ်တမ်းပြုစုနိုင်ရေး၊ ကျန်းမာရေးအတွက် ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများ၊ အတွင်းဝန်ရုံးနှင့် ဆွမ်း ဆက်ကပ်မှုကျင်းပရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။


ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ကော်မတီဝင်များနှင့် ဌာနမှူး၊ (ဒုတိယညွှန်ကြား ရေးမှူးချုပ်)များက (၇၃)နှစ်မြောက်အာဇာနည်နေ့အခမ်းအနား အဆင်ပြေအောင်မြင်စွာကျင်းပနိုင်ရေး အတွက် သက်ဆိုင်ရာအလိုက်ဆောင်ရွက်သွားမည့်လုပ်ငန်းများကို  ဆွေးနွေးတင်ပြကြပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။


သတင်း-ကျော်စိုး
ဓာတ်ပုံ-ရွှေဝင်း






အခြားဆက်စပ်သတင်းများ