နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကမာရွတ်မြို့နယ် သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်

ရန်ကုန် ဧပြီ ၁၂

ကမာရွတ်မြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ ဟံသာဝတီလမ်းရှိအမှတ် (၁၀) အခြေခံပညာမူလတန်းကျောင်းသန့်ရှင်းသာယာလှပရေး ဧပြီ ၉ ရက်က မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးကြီးကြပ်၍ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့်ဌာနများက  တွဲဖက်ဝန်ထမ်း များပူးပေါင်းအင်အား ၄၅ ဦးဖြင့်   သစ်ပင်အောက်တက်များ ရှင်းလင်းခြင်း၊ အုပ်မိုးကိုင်းများဖြတ်ညှိပုံသွင်းအလင်းဖွင့်ခြင်း၊ အမှိုက်၊ သဲ၊ ခဲများလှည်းကျင်းရှင်းလင်းခြင်း၊ အဆောက်အဦအမိုးပေါ်ရှိ သစ်ရွက်ကြွေအမှိုက်များရှင်းလင်းခြင်း၊ ရေမြောင်းအတွင်းအမှိုက် နှင့်မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ စွန့်ပစ်အမှိုက်များသိမ်း ဆည်းခြင်း၊ထွက်ရှိအမှိုက်နှင့်မြောင်းချေးများကို  ယာဉ်သုံးစီးဖြင့် သိမ်းဆည်း သယ်ယူစွန့်ပစ်ခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ပညာပေးလက်ကမ်းစာစောင်များပေးဝေခြင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက်ဖုံး၊သွန်၊လဲ၊စစ်ပြုလုပ်ခြင်း၊အဘိတ် ဆေးခတ်ခြင်းတို့ ဆောင်ရွက်ကြစဉ်။









ကျော်သူထက်






အခြားဆက်စပ်သတင်းများ