နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကော့မှူးမြို့နယ်တွင် ဝါးသိင်္ခကျေးရွာ၌ ကုန်ထုတ်လမ်းသွယ် (၁)(၂) ဆောင်ရွက်နေမှု မြို့နယ်ကျေးလက်ဦးစီးမှူးနှင့် ဝန်ထမ်းများ ကွင်းဆင်းစစ်ဆေး

ရန်ကုန်  ဇူလိုင်   ၁


ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် လယ်ယာထွက်ကုန် (ပဲ၊ စပါး) စသည့် ပစ္စည်းများ ဈေးကွက်အတွင်းသို့ အချိန်နှင့်တစ်ပြေးညီ လွယ်ကူအဆင်ပြေစွာသယ်ယူပို့ဆောင်နိုင်ရန် တောကြီးတန်းဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီက တာဝန်ယူ၍ ဝါးသင်္ခကျေးရွာတွင် ကုန်ထုတ်လမ်းသွယ် (၁) အရှည်ပေ ၃၀၀၀၊ အကျယ် ၁၂ ပေထု ၂ ပေမြေသား၊ လမ်းပေါ်တွင် ၉ လက်မထု ဂဝံခင်းခြင်း၊ ကုန်ထုတ်လမ်းသွယ် (၂) အရှည်ပေ ၁၅၀၀ အကျယ် ၁၂ ပေထု ၉ လက်မ ဂဝံလမ်းခင်းခြင်းတို့ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းခွင်သို့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူးလက်ထောက်ညွှန်ကြားရေးမှူး (နည်းပညာ) ဦးညွန့်ဇော်နှင့် ဝန်ထမ်းများက ဇွန် ၃၀  ရက် မွန်းတည့် ၁၂ နာရီက ကွင်းဆင်းစစ်ဆေးခဲ့စဉ်။


ကိုကျော် (သုံးခွ)






အခြားဆက်စပ်သတင်းများ