နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုလံဘီယာ မိုးခေါင် ရေရှား ရေကို ခွဲတမ်းဖြင့်ပေး

ဘိုဂိုတာ၊ ဧပြီ ၁၀

ကိုလံဘီယာနိုင်ငံ မြို့တော်ဘိုဂို တာတွင် အယ်နီညို ရာသီဥတုကြောင့် မိုးခေါင်ရေရှားမှု ကြုံတွေ့နေရသဖြင့် ယခုသီတင်းပတ်ကစ၍ ရေကိုခွဲတမ်း ဖြင့်သာပေးဝေမည်ဖြစ်ကြောင်း  မြို့တော်ဝန် ကားလော့စ်ဂါလန်က ဧပြီ    ၉ ရက်တွင် ကြေညာသည်။ 

နိုင်ငံတွင်း ရေလှောင်ကန်တွင်ရေ ပမာဏအဆင့် ကျဆင်းသွားပြီးရေကန့် သတ်ပေးဝေမည့် အစီအစဉ် ကို မြို့တော် အနီးရှိ စည်ပင်သာယာရေးနယ်မြေ ၁၁ ခုတွင် ဆောင်ရွက်မည်ဖြစ်ကာ အနည်းဆုံး လူကိုးသန်းခန့်ကို သက် ရောက်စေမည်ဖြစ်သည်။ 

အယ်နီညိုဖြစ်စဉ်သည် ၂၀၂၃ ခုနှစ်အကုန်တွင် ကိုလံဘီယာသို့ရောက် ရှိလာပြီး အပူချိန်မြင့်မားမှုနှင့်မိုးခေါင် မှု များလည်း ဖြစ်ပေါ် လာခြင်းကြောင့် နိုင်ငံတဝန်း တောမီးများ လောင်ကျွမ်း ကာ ရေလှောင်ကန်များတွင်လည်း ရေ ပမာဏ အနိမ့်ဆုံးအဆင့်အထိ ရောက်ရှိ လာကြောင်း သိရသည်။

ဘိုဂိုတာ မြို့တော်၏ ရေလိုအပ်ချက် ၇၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနေသည့် ချင်ဂဇာ ရေကန်ကြီးတွင် ရေထိန်း သိမ်းနိုင်မှုသည် ယခုနှစ်နှင့်လာမည့် နှစ်အတွက်မျှော်လင့်ထားသည့် ခန့်မှန်း ချက်အားလုံးထက် နိမ့်ကျနေခြင်း ကြောင့် ရေသုံးစွဲမှုလျှော့ချမည့် အစီ အစဉ်ကို လုပ်ဆောင်ရခြင်းဖြစ်သည် ဟု မြို့တော်ဝန်က ဆိုသည်။

   







(ref: Reuters)






အခြားဆက်စပ်သတင်းများ