နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဂျင်တီးနားတွင် ခြင်ဆေးတင်သွင်းမှု ဖြေလျှော့မည်

ဗျူနိုအေးရိစ်၊ ဧပြီ ၁၀

အာဂျင်တီးနားနိုင်ငံတွင် အဆိုးရွား ဆုံးအဆင့်ထိ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်နေသဖြင့် အစိုးရက ခြင်ဆေး တင်သွင်းမှုများကို ဖြေလျှော့ပေးနိုင်ရန် ကြိုးပမ်းနေကြောင်း ဧပြီ ၉ ရက် သတင်း များတွင် ဖော်ပြချက်အရ သိရသည်။

၂၀၂၃ -၂၀၂၄ ရာသီအတွင်း အာဂျင် တီးနားတွင် ကူးစက်မှု ၂၃၂,၉၉၆ ဦး ရှိပြီး ပြင်းထန်သည့်ကြွက်သားနှင့်အဆစ် အမြစ်ကိုက်ခဲခြင်း၊ အဖျားကြီးခြင်း၊ ခေါင်းကိုက်ခြင်း ၊ အော့အန်ခြင်းနှင့် အရေပြားအဖုပေါက်ခြင်းများကို လူနာ များက ခံစားနေရသည်။

အာဂျင်တီးနားတွင် ယမန်နှစ် တုပ်ကွေးရာသီအတွင်း ကူးစက်ခံဦးရေ ထက် ငါးဆပိုများလာသည့်အပြင်ခြင် ဆေးရောင်းသည့် အရောင်းကောင်တာ များတွင်လည်း ပစ္စည်းပြတ်လပ်ကာ ရှိသည့်ပစ္စည်းများလည်း ဈေးတက်နေ သဖြင့် ဝယ်လိုအားပြည့်မီစေရန် အစိုးရ က ခြင်ဆေးတင်သွင်းမှုကို ဖြေလျှော့ ပေးမည်ဟု ဆိုသည်။

ထို့ပြင် ဝေးလံအေးခဲသော အာဂျင် တီးနားတောင်ပိုင်းဒေသများတွင်ပါ ကူးစက်ခံဦးရေ တိုးလာသည်ကို သိပ္ပံ ပညာရှင်များက မြင်တွေ့နေရပြီး ယခု နှစ်အတွင်း ရောဂါဖြစ်ပွားမှုကြောင့် ဆေးရုံများတွင်လည်း ဝန်ပိနေကြောင်း သိရ သည်။                       







 (ref:AFP)






အခြားဆက်စပ်သတင်းများ