နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သိပ္ပံနည်းကျ လေ့လာရှာဖွေမှုများအတွက် NSFC ရန်ပုံငွေ ကန်ဒေါ်လာ ဘီလီယံချီ ပံ့ပိုးမည်

ပေကျင်း၊ ဧပြီ ၁၀

နိုင်ငံအတွင်း သိပ္ပံနည်းကျ လေ့လာ ရှာဖွေမှု ပရိုဂရမ်များအတွက် တရုတ် အမျိုးသား သဘာဝ သိပ္ပံဖောင်ဒေးရှင်း (NSFC) က ကန်ဒေါ်လာဘီလီယံချီ သည့် ရန်ပုံငွေပမာဏကို ပံ့ပိုးပေးမည် ဖြစ်ကြောင်း သိရသည်။

 သိပ္ပံနည်းကျ လေ့လာရှာဖွေမှု ပရိုဂရမ်ပေါင်း ၅၂,၀၀၀ အတွက် NSFC က ယွမ် ၃၁ ဒဿမ ၈ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၄ ဒဿမ ၄၀ ဘီလီယံ) ကို ပံ့ပိုးပေးထားပြီး ၂၀၂၄ ခုနှစ်တွင်လည်း ယင်းပမာဏအတိုင်း ကန့်သတ်ထားမှုများမရှိဘဲ သိပ္ပံနည်းကျ စူးစမ်းလေ့လာရှာဖွေမှုများကို လုပ် ဆောင် သွားမည်ဟု ဆိုသည်။

ထို့ပြင် သိပ္ပံနည်းကျ လေ့လာရှာဖွေမှု ပရိုဂရမ်များအပေါ် ငွေကြေးထောက်ပံ့မှု ပြည့်မီစေရန်အတွက် စဉ်ဆက်မပြတ် မြှင့်တင်ဆောင်ရွက်သွားရန်နှင့်ရန်ပုံ ငွေစီမံခန့်ခွဲမှု ပိုမိုအားကောင်းစေရန် အတွက် နိုင်ငံတကာသုတေသန ရန်ပုံ ငွေဌာနတစ်ခု ထူထောင်သွားရန်လည်း ကြိုးပမ်းနေကြောင်း တရုတ်အမျိုးသား သဘာဝသိပ္ပံဖောင်ဒေးရှင်း (NSFC) အကြီးအကဲ Dou Xiankang က ပြော သည်။

ဖောင်ဒေးရှင်းအနေဖြင့် ဆန်းသစ် တီထွင်မှုတွင် တက်ကြွမှုအရှိဆုံး သုတေသီများထံ သိပ္ပံနှင့်နည်းပညာ ဆိုင်ရာ အရင်းအမြစ်များကို ခွဲဝေပေး သွား မည် ဖြစ်ကြောင်း သိရသည်။








(ref:CMG)






အခြားဆက်စပ်သတင်းများ