နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လျှို့ဝှက်ဆန်း ကြယ်ဓာတ်ရောင်ခြည်များယိုစိမ့် ရုရှား အရေးပေါ်အခြေအနေ ကြေညာ

မော်စကို၊ ဧပြီ ၁၀

ရုရှားနိုင်ငံ ခရိုဗိုဗက်ခ်မြို့တွင် လျှို့ဝှက်ဆန်းကြယ်သော ဓာတ်ရောင် ခြည်များ  ယိုစိမ့်မှုဖြစ်ပွားခြင်း ကြောင့် နိုင်ငံအတွင်းရှိ မြို့ကြီးများတွင် အရေး ပေါ် အခြေအနေ ကြေညာထားကြောင်း ခရာဗိုဗက်ခ် မြို့ပြကာကွယ်ရေး အကြီး အကဲ အန်ဒရီကိုလ်ချင်က ဧပြီ ၉ ရက်တွင် ပြော သည်။

 မြင့်မားသော ဓာတ်ရောင်ခြည် သင့်မှုကို လူနေအဆောက်အအုံများ နှင့် ၁.၅ မိုင်ခန့်ဝေးသော ခရာဗိုဗက်ခ် မြို့ ဓာတ်အားတာဝါတိုင်တွင် တွေ့ရှိ ခြင်းဖြစ်ပြီး အာဏာပိုင်များက ယင်း ဧရိယာကို ပိတ်ဆို့ထားကြောင်း သိရ သည်။ 

ရုရှား စားသုံးသူဘေးကင်းရေးစောင့်ကြည့်ရေးအဖွဲ့ ဒေသဆိုင်ရာ ဌာနခွဲ၏ ပြောကြားချက်အရ ယခု ဖြစ်စဉ်တွင် နိုင်ငံသားများသည်ဓာတ် ရောင်ခြည်နှင့်ထိတွေ့ခြင်း မရှိသဖြင့် ယင်းတို့၏ ကျန်းမာရေးကို ခြိမ်းခြောက် မှုမရှိကြောင်း သိရသည်။ 

 ဓာတ်ရောင်ခြည် သင့်မှုအဆင့်ကို အာဏာပိုင်များက ဆက်လက် စောင့် ကြည့်နေပြီး အကြောင်းရင်းကို အဖြေ ရှာနေချိန်တွင် အရေးပေါ်အခြေအနေ ကို သုံးရက်ထားရှိမည်ဖြစ်ပြီး ယိုစိမ့်မှု သတင်းများကိုတစ်ပတ်အတွင်းထုတ် ပြန်မည်ဟု အာဏာပိုင်များကဆို သည်။                     








(ref:Reuters)






အခြားဆက်စပ်သတင်းများ