နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြောက်အမေရိကတွင် နေကြတ်ခြင်းကို လေယာဉ်ဖြင့် လိုက်ပါကြည့်ရှုသူ များပြား

ဝါရှင်တန်၊ ဧပြီ ၁၀

မြောက်အမေရိကတစ်ဝန်း ပြည်သူ များသည် ဧပြီ ၈ ရက်ကဖြစ်ပေါ်သည့် နေကြတ်မှုဖြစ်စဉ်ကို ကောင်းကင်ပေါ် ကတစ်ဆင့် လေကြောင်းခရီးစဉ်ဖြင့် လိုက်ပါကြည့်ရှုကြကြောင်း သိရသည်။

နေကြတ်ခြင်းကိုကြည့်ရှုလိုသည့် ဝါသနာရှင်များ လိုက်ပါလာသော လေယာဉ်သည် တက္ကဆက်ပြည်နယ် အော်စတင်မြို့က ထွက်ခွာလာပြီး မီရှီ ဂန်ပြည်နယ် ဒက်ထရွိုက်မြို့ကို မဆင်း သက်မီ မီတာ ၉၁၀၀ ကျော်အမြင့်တွင် ပျံဝဲနေခြင်းကြောင့် နေကြတ်သည့်မြင် ကွင်းကို ကြည်လင်ပြတ်သားစွာ မြင်ရ ကြောင်း ခရီးသည်များက ပြောသည်။ 

အကာအကွယ်မျက်မှန်များ ဝတ် ဆင်ထားသည့် ခရီးသည်များသည် နေအပြင်ဘက် အစွန်းတစ်ဝိုက်တောက် ပသည့် အလင်းရောင်ကလွဲ၍ကျန် ဧရိယာအားလုံးကို လှည့်ပတ်လာသော လက နေကိုခေတ္တပိတ်ဆို့နေသည့် ရှားပါးမြင်ကွင်း ကို တွေ့မြင်ခဲ့ရသည်ဟု ဆိုသည်။

ဒဲလ်တာလေကြောင်းသည် နေ ကြတ်ခြင်း ကိုကြည့်ရှုရန်  ပျံသန်းမှုခရီး စဉ် နှစ်ခုကို စီစဉ်ပေးခဲ့ပြီးပျံသန်းမှု နှစ်ခုလုံးသည် အပြည့်အဝ နေကြတ် သည့်လမ်းကြောင်းအတိုင်း လိုက်ပါ ပျံသန်းပေးခဲ့သည်ဟု ဆိုသည်။

အမေရိကန်ပြည်ထောင်စု၏အပြည့် အဝနေကြတ်သည့် လမ်းကြောင်းတစ် လျှောက် လူပေါင်း ၃၂ သန်းခန့် နေထိုင် ကြပြီး အဆိုပါနေရာများသို့စုစုပေါင်း လူငါးသန်းခန့်သွားရောက် ကြည့်ရှု ကြောင်း သိရသည်။ 








(ref:Reuters)






အခြားဆက်စပ်သတင်းများ