နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်ဦး ၆၆ ကေဗွီ GIS ဓာတ်အားခွဲရုံအသစ် တည်ဆောက်ရေးလုပ်ငန်းခွင် ကြည့်ရှုစစ်ဆေးခြင်း

ရန်ကုန် ဧပြီ  ၁၀

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေး ရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် ရုံးချုပ်မှ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးလှည်းကူးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (၁/၀)မိုင်၊ အမှတ်(၃)တိုးလ်ဂိတ်အနီးရှိ လျှပ်စစ်ဓာတ်အား ဖြည့်သွင်းရုံသို့ တည်ငြိမ်ပြည့်ဝစွာဖြင့် ဓာတ်အားပေးနိုင်ရန် ရည်ရွယ်၍ တည် ဆောက်လျက်ရှိသည့် ၆၆ ကေဗွီ GIS ဓာတ်အားခွဲရုံအသစ် တည် ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကွင်း ဆင်းကြည့်ရှုစစ်ဆေးသည်။

ထိုသို့စစ်ဆေးစဉ် Duty Room တည်ဆောက်မည့်နေရာ၊ Switch Yard ဆောင်ရွက်မည့်နေရာမြေပြုပြင်နေမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးကာ သဲဖို့ခြင်းလုပ်ငန်း၊ ခြံစည်းရိုးကာရန် ခြင်းလုပ်ငန်းနှင့် Switch Yard Foundation လုပ်ငန်းများကို မိုးမကျမီပြီးစီးအောင် ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊သတ်မှတ်ကာလအတွင်းလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး၊ လုပ်ငန်းခွင်ဆိုင်ရာ သတ်မှတ်လုပ်ငန်းစဉ်များနှင့်အညီ အရည် အသွေး စံချိန်စံညွှန်းပြည့်မီစွာ ဆောင်ရွက်ရေး၊ပစ္စည်းများလေလွင့် ဆုံးရှုံးမှု မရှိစေရန်စနစ်တကျထိန်းသိမ်း ဆောင်ရွက်ရေးတို့ကို မှာ ကြားကာလိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

   







ချစ်ဆောင်






အခြားဆက်စပ်သတင်းများ