နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဒုတိယမြို့တော်ဝန် ဦးညီညီ တည်ဆောက်ရေးလုပ်ငန်းသုံး ယာဉ်ယန္တရားများ ကြံ့ခိုင်ရေး အထက(၃)အလုံ ကျောင်းဝင်းသောက်သုံးရေဖူလုံရေး ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဧပြီ  ၁၀

ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ ဒုတိယ ဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီသည် အတွင်းရေးမှူး ဦးညွှန်ဖေ၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်း က ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့ နယ်  ၆၈ ရပ်ကွက်၊  မင်းရဲကောင်း ပုံလမ်းနှင့်မောင်းမကန်ကမ်း သာလမ်းထောင့်ရှိယာဉ်ယန္တရား စီမံခန့်ခွဲရေးနှင့်ထိန်းသိမ်းရေး ဌာန ဝင်းအတွင်း တည်ဆောက်‌ ရေးလုပ်ငန်းသုံး ယန္တရားများ ကြံ့ခိုင်ရေးဆောင်ရွက်ထားရှိ မှုနှင့် ဌာနဝင်းခြံစည်းရိုးပတ် လည်တုတ်ခတ်ခြင်းနှင့် အုတ် ရေမြောင်းတည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု နှင့် အလုံမြို့နယ်၊ ကရင်ခြံရပ် ကွက် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း သောက်သုံးရေ ဖူလုံစွာရရှိရန် ဆောင်ရွက်မည့် လုပ်ငန်းများကို  လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ရှေးဦးစွာ ဒုတိယမြို့တော်ဝန် နှင့်အဖွဲ့သည် နံနက် ၇နာရီခွဲ တွင် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ၆၈ ရပ်ကွက်၊ မင်းရဲ ကောင်း ပုံလမ်းနှင့်မောင်းမကန် ကမ်းသာလမ်းထောင့်ရှိ  ယာဉ် ယန္တရားစီမံခန့်ခွဲရေးနှင့်ထိန်း သိမ်းရေးဌာနသို့ သွားရောက် ၍ City Bus ကားသစ်သုံးစီး၊ Light Duty Truck (14ft) ကားသစ်နှစ်စီးနှင့်Vacuum Truck (400 Gals)ကားသစ် ငါးစီး ဝယ်ယူထားရှိမှု၊ အလုပ် ရုံအတွင်း ကားအင်ဂျင်များပြန် လည်ပြုပြင်ဆောင်ရွက်နေမှု၊ ဘက်ထရီအိုးအသစ်နှင့်ကားတာ ယာများထိန်းသိမ်းထားရှိမှု၊ တည်ဆောက်‌ရေးလုပ်ငန်းသုံး ယန္တရားများကြံ့ခိုင်ရေးဆောင် ရွက်ထားရှိမှု၊ ဌာန၏ဝင်းခြံစည်း ရိုးပတ်လည်အရှည် ၄၄၆၅ပေ၊ အမြင့် ၅ ပေရှိ တုတ်ခတ်ခြင်း လုပ်ငန်းနှင့် အုတ်ရေမြောင်း တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကိုလိုက်လံ ကြည့်ရှုစစ်ဆေးပြီး ဒုတိယ မြို့တော်ဝန်က ယာဉ်ယန္တရား များ တာရှည်အသုံးပြုနိုင်ရေး စီမံဆောင်ရွက်ရန်နှင့်အုတ်ရေ မြောင်းတည်ဆောက်ခြင်းလုပ် ငန်းတွင် Box Culvert များ ထည့်သွင်းဆောင်ရွက်ရန်တို့ကို မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေး သည်။

ဆက်လက်၍ ဒုတိယ မြို့တော်ဝန်နှင့်အဖွဲ့သည် အလုံမြို့နယ်၊ ကရင်ခြံရပ်ကွက်၊ မင်းရဲကျော်စွာလမ်းရှိ အမှတ် (၃)အခြေခံပညာအထက်တန်း ကျောင်းသို့ သွားရောက်၍           အင်ဂျင်နီယာဌာန(ရေနှင့် သန့်ရှင်းမှု)က သောက်သုံးရေ ဖူလုံစွာရရှိရန် ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများကို ကြည့်ရှုစစ်ဆးပြီးလုပ်ငန်း များအမြန်ဆုံး ဆောင်ရွက် ရန်နှင့် ကျောင်းဝင်းအတွင်း  သန့်ရှင်းသာယာသပ်ရပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်မှာ ကြားကာ လိုအပ်သည်များ ဖြည့် ဆည်းဆောင်ရွက်ပေးသည်။







သတင်း- မိုးဝေ 

ဓာတ်ပုံ- ကျော်သူထက်






အခြားဆက်စပ်သတင်းများ