နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဥပုသ်ဆောက်တည်နေသော အစ္စလာမ်ဘာသာဝင်ဥပုသ်သည်များအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အာဟာရဖြည့်စွက်စာများ သွားရောက်လှူဒါန်း

ရန်ကုန်  ဧပြီ  ၁၀

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးသာသနာရေးဦးစီးမှူး၊ခရိုင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများသည် ယမန်နေ့ညပိုင်းက ရမ်ဇန်လမြတ်ကာလတွင်ဥပုသ် ဆောက်တည်နေသော အစ္စလာမ် ဘာသာဝင်ဥပုသ်သည်များအ တွက် အာဟာရဖြည့်စွက်စာများ ကို သွားရောက်လှူဒါန်းကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အစ္စ လာမ်ဘာသာဝင်ဥပုသ်သည် များရှိရာ မရမ်းကုန်းမြို့နယ် အမှတ်(၂)ရပ်ကွက်၊ ရန်ကုန်- အင်းစိန်လမ်းမဘေး သမိုင်း လမ်းဆုံရှိ ဂျာမေဗလီသို့ရောက် ရှိရာ ဗလီဂေါပကအဖွဲ့ဥက္ကဋ္ဌ ဟာရ်ဂျီဆလင်းဘိုင်(ခ)ဦးသန်း လွင်နှင့်တာဝန်ရှိသူများကကြို ဆိုနှုတ်ဆက်ကြပြီး ဥပုသ် ဆောက်တည်နေသော အစ္စလာမ် ဘာသာဝင် ဥပုသ်သည်များ၏ ဥပုသ်ဝင်ရောက်မှုအခြေအနေ များကိုရှင်းလင်းတင်ပြကြသည်။

ထို့နောက် ရန်ကုန်တိုင်း  ဒေသကြီးအစိုးရအဖွဲ့က လှူဒါန်း သောအာဟာရဖြည့်စွက်စာ အဖြစ် သစ်သီးမျိုးစုံနှင့် Sunkist ဘူးများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ဥပုသ်ဖြေ နေကြသော အစ္စလာမ်ဘာသာ ဝင်ဥပုသ်သည် (၃၀၀)ဦး တို့ အား တစ်ဦးချင်းလိုက်လံပေးအပ် လှူဒါန်းသည်။ ဆက်လက်၍ ဥပုသ်သည်များအတွက်တစ်နေ့ တာ ဖြည့်စွက်စာအဖြစ် အလှူ ငွေများကို ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ က ပေးအပ်လှူဒါန်းရာ ဗလီ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက လက်ခံရယူကြပြီး ကျန်းမာချမ်း သာစွာဖြင့် နိုင်ငံတော်အကျိုး၊ အမျိုးဘာသာ၊သာသနာအကျိုး တို့ကိုဆောင်ရွက်နိုင်ရန်နှင့်နိုင်ငံ တော်ကြီး အေးချမ်းသာယာပါ စေရန် ဆုမွန်ကောင်းတောင်း အပ်ပါကြောင်း ပြောကြားသည်။             







ဆန်းကျော်ဦး(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ