နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Android စမတ်ဖုန်းတွင် အန္တရာယ်ရှိနိုင်သည့် အက်ပလီကေးရှင်းများကို သတိပေး

ဇူလိုင် ၁ 


Avast မှ သုသေသီများက Google Play Store တွင် အလွန်အန္တရာယ်များသည့် အက်ပလီကေးရှင်း ၄၇ ခု ရှိနေကြောင်းသတိပေးလာသည်။

ယင်းအက်ပလီကေးရှင်းများကစမတ်ဖုန်းမှာ Icon မပေါ်အောင် လုပ်နိုင်စွမ်းရှိပြီးအသုံးပြုသူများကဖျက်ရ ခက်အောင်လုပ်ဆောင်နိုင်သည်။

အဆိုပါ အက်ပလီကေးရှင်းများကဒေါင်းလော့ခ်လုပ်ခံရမှု ၁၅သန်းကျော်ရှိပြီးယင်းမှ အက်ပလီကေးရှင်း ၁၇ ခုမှာ Google Play Store တွင်ရှိနေဆဲဖြစ်သည်။

ယင်းအက်ပလီကေးရှင်းများကအခြား App များကဲ့သို့ အသုံးပြုသူများ၏ဒေတာကို ခိုးယူခြင်းမျိုးမဟုတ်ဘဲ ကြော်ငြာပြသပေးခြင်းဖြစ်သည်။ Browser ကိုလည်းဖွင့်နိုင်စွမ်းရှိခြင်းကြောင့် App ကို ဖျက်လိုက်ချိန်မှာ လည်း ကြော်ငြာများကဆက်လက်အလုပ်လုပ်နိုင်မည်ဖြစ်သည်။


Avast က သတိပေးသည့် ဒေါင်းလော့ခ်လုပ်မှုအများဆုံးတွင် ပါဝင်သည့် အန္တရာယ်ရှိသောဂိမ်းအက်ပလီကေးရှင်းများမှာ Assassin Hunter 2020 ၊Draw Color By Number ၊ Skate Board-New ၊ Shoot Master ၊ Stacking Guys ၊ Find Hidden Differences ၊Find 5 Differences ၊Disc Go! ၊ Assassin Legend ၊ Flip King ၊Fly Skater 2020 ၊ Dancing Run-Color Ball Run ၊ Stealing Run ၊Spot Hidden Difference ၊Throw Master ၊ Throw Into Space ၊ Divide it – Cute & Slice Game ၊ Joy Woodworker ၊Tony Shoot-New ၊ Save Your Boy တို့ဖြစ်သည်။

(သူရိန်)






အခြားဆက်စပ်သတင်းများ