နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးရက်ချိန်း Online Booking စနစ်ဖြင့် ဆောင်ရွက်မည်

မန္တလေး၊ ဇူလိုင် ၁


ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိခရိုင်ရုံး (မန္တလေးတောင်ပိုင်း)နှင့် ခရိုင်ရုံး(မန္တလေးမြောက်ပိုင်း)တို့တွင် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးစောင်ရေများပြားလာသည့်အတွက် လုပ်ငန်းဆောင်ရွက်သည့်ပြည်သူများ အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းရခြင်း၊ ရုံးတွင်းယာဉ်ကြော ကျပ်တည်းမှုဖြစ်ပေါ်ခြင်းနှင့် Covid-19 ရောဂါအန္တရာယ်ကာကွယ်ရေးအတွက် ပြည်သူများသက်သာ အဆင်ပြေစေ ရန် ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးရက်ချိန်း ကြိုတင်စာရင်းသွင်းစနစ် Online Booking Systemကို ဇူလိုင် ၆ ရက်မှ စတင်ပြီး ပြောင်းလဲကျင့်သုံးသွားမည်ဖြစ်သည်။


ပြည်သူများ ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးလိုသည့်ရက်များကို ဇူလိုင် ၃ ရက်မှစတင်ပြီး www.rtad.gov.mmWebsite တွင် OnlinBooking ကိုအနည်းဆုံး(၁)ရက်မှ အများဆုံး ၃၀ ရက်အထိ ကြိုတင်ရယူနိုင်သည်။ ရုံးဖွင့်ရက်တစ်ရက်လျှင် နံနက် ၈နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ လေးကြိမ်ခွဲ၍ လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပြီးရုံးဖွင့်ရက်သာမက အပတ်စဉ် စနေနေ့ပါ ရုံးဖွင့်၍ဆောင်ရွက်ပေးလျက်ရှိသည်။


၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာနောက်ဆုံးပတ် စနေနေ့အထိ Online Booking ရယူနိုင်ကြောင်း ကုန်းလမ်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ 


မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ