နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ် တစ်လုံး ပြိုကျပျက်စီးခဲ့ရသော လေဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့ပေးအပ်

သာပေါင်း၊ ဇူလိုင် ၁


လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူး ဦးသာနိုင်အောင်နှင့် တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ မယ်ဇလီ ကွင်းပေါက်ကျေးရွာအုပ်စု၊ အနောက်စုကျေးရွာ၌ ဇွန် ၂၇ ရက်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့်ပြိုကျပျက်စီးခဲ့ ရသော နေအိမ်တစ်လုံးအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး ၁၀၀၀၀၀ ကျပ်၊ လူဦးရေ ၆ ဦးအတွက် ဆန်ရိက္ခာ ခုနစ်ရက်စာရန်ပုံငွေ ၁၂၆၀၀ ကျပ် စုစုပေါင်းရန်ပုံငွေ ၁၁၂၆၀၀ ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆ မျိုးပါ တစ်အိမ်ထောင်စုစာ ၃၄၇၅၃ တို့ကို ဇွန် ၃၀ ရက်၊ နံနက် ၁၁ နာရီခွဲအချိန်တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူး ဦးသာနိုင်အောင်နှင့် မယ်ဇလီကွင်းပေါက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောလွင်တို့က လေဘေးသင့်ပြည်သူလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြစဉ်။


မျိုးဇော်သိန်း သာပေါင်း(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ