နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန္တလေး ခုတင် ၅၀၀ ဆံ့ အရိုးအထူးကုဆေးရုံကြီး မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မန္တလေး၊ ဇူလိုင် ၁


မန္တလေးတိုင်းဒေသကြီး၊ မီးသတ်ဦးစီးဌာန၏လမ်းညွှန်မှုဖြင့် မန္တလေးခရိုင်မီးသတ်ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးထက်အောင်၊ ချမ်းမြသာစည်မြို့နယ်မီးသတ်ဦးစီးမှူး၊ သန္ဓေနှင့်ဒေသအရန် မီးသတ်တပ်ဖွဲ့ဝင် များသည် ဇွန် ၃၀ ရက်၊ နံနက်၁၀နာရီက ချမ်းမြသာစည်မြို့နယ်၊ ၆၂လမ်းရှိ မန္တလေး ခုတင် ၅၀ဝ ဆံ့ အရိုး       အထူးကုဆေးရုံကြီး၌ မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးရာ ဆေးရုံအုပ်ကြီးက ဆေးရုံကြီးရှိ ဓာတ်မှန်ဆောင်၊ ဓာတ်ခွဲခန်း၊ ဓာတ်ရောင်ခြည်ခန်းများနှင့်လူနာဆောင်များအလိုက် မီးဘေးကြိုတင်ကာကွယ်ရေးအတွက်   မီးသတ်ဆေးဘူးများနှင့် အရေးပေါ်ရေပိုက်လိုင်းများ တပ်ဆင်ဆောင်ရွက်ထားမှုများအားရှင်းလင်း တင်ပြရာ မန္တလေးခရိုင်မီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆေးရုံကြီးအဆောင်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြစဉ်။


မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ