နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးကုန်ပစ္စည်း ဖြတ်သန်းမှု ပြန်လည်ကောင်းမွန်ကြောင်း တရုတ်သံရုံးဆို

မူဆယ်  ဇွန် ၆


တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးကုန်ပစ္စည်းဖြတ်သန်းမှုပြန်လည်ကောင်းမွန်လာပြီး လက်ရှိတွင် တရုတ်-မြန်မာရွှေလီ-မူဆယ်နယ်စပ်ဂိတ်မှတစ်ဆင့်   ကုန်ပစ္စည်းဖြတ်သန်းမှုများတဖြည်းဖြည်းပြည်လည်ကောင်းမွန်လာကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်။


ထို့အပြင် ဟိုချောင်-ကန်ပိုက်တီးနယ်စပ်ဂိတ်၊ လင်ချန်း-ချင်းရွှေဟော်နယ်စပ်ဈေးတို့ ပုံမှန်ဖွင့်လှစ် လျက်ရှိကြောင်းသံရုံးမှ သိရသည်။


လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့နိုင်မှုမှာ ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇွန် ၅ ရက်နေ့အထိ ဆန်တင်ပို့မှု နိုင်ငံပေါင်း (၆၅)နိုင်ငံသို့ တင်ပို့နေပြီး မက်ထရစ်တန် ပေါင်း (၁၂၉၅၅၀၇ ဒသမ ၈၆၈) ရှိပြီး ပို့ကုန်ဝင်ငွေ အမေရိကန် ဒေါ်လာ (၄၀၅ဒသမ၄၀၆) သန်းဖြစ်သည်။


ဆန်ကွဲတင်ပို့မှုတွင်လည်း နိုင်ငံပေါင်း (၅၇)နိုင်ငံသို့ မက်ထရစ်တန်ပေါင်း (၇၀၆၉၀၇ဒသမ၆၄၀)ရှိပြီး ပို့ကုန် ဝင်ငွေ အမေရိကန်ဒေါ်လာ (၁၈၅ဒသမ၈၄၄)သန်းရှိထားကာ  နှစ်မျိုးပေါင်း ပမာဏအနေဖြင့် မက်ထရစ်တန်ပေါင်း (၂၀ဝ၂၄၁၅ဒသမ၅၀၈) ရှိကာ ပို့ကုန်ဝင်ငွေ စုစုပေါင်း ကန်ဒေါ်လာ (၅၉၁ဒသမ၂၅၂)သန်း ရှိကြောင်း မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သိရသည်။


ပြောင်းအနေနဲ့လည်း ၁ဒသမ၈ တန် ရှိပြီး ကုန်သွယ်မှု လမ်းကြောင်းအနေနဲ့လည်း နယ်စပ်ကုန်သွယ်မှုနှင့် ရေကြောင်းကုန်သွယ်မှုတို့မှ ပို့ကုန်ဝင်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ (၅၉၁ဒသမ၂၅၂) ရှိကြောင်း သိရသည်။


မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေထွက်ပစ္စည်းများစွာ တင်ပို့လျက်ရှိရာပြည်သူ လူထု၏အသက်မွေးဝမ်းကျောင်းနှင့်ဆက်စပ်နေသည့် တရုတ်နိုင်ငံအစိုးရနှင့် ယူနန်ပြည်နယ်သည် ယင်းကိစ္စရပ်ကိုများစွာအလေးထားကာ ဘက်ပေါင်းစုံအဆင်ပြေချောမွေ့စေရေးနှင့် လွယ်ကူစေရေးအစီအမံ များ ကျင့်သုံးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးသည်လည်း ယင်းကိစ္စရပ်နှင့်စပ်လျဉ်း၍ဆွေးနွေး     ညှိနှိုင်းတွန်းအားပေးမှုများဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်။


လတ်တလောကာလတွင် COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့်တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး ကုန်ပစ္စည်းဖြတ်သန်းမှုကိုထိခိုက်ခဲ့ကြောင်း၊ သို့သော်ငှက်ပျောသီး၊နာနတ်သီး၊ ပင်လယ်ရေထွက်ပစ္စည်း၊ မွေးမြူရေးရေထွက်ပစ္စည်းတို့ ရောဂါပိုးမွှားစစ်ဆေးရေးဆိုင်ရာ ပရိုတိုကောချုပ်ဆိုမှုများအပြုသဘောဆောင် သောတိုးတက်မှုများရှိနေကာ အဆိုပါအစီအမံများသည်မြန်မာပြည်သူများ၏ လက်တွေ့အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ပေးလျက်ရှိ၍ မြန်မာ့ထွက်ကုန်များကိုတရုတ်နိုင်ငံ၏ နေရာအနှံ့သို့ရောက်ရှိလာစေမည်ဖြစ်ကြောင်း သိရသည်။


မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ