နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နွေဦးရာသီတွင် ရွှေ့ပြောင်းများ ပိုဝင်ရောက်မည်ကို အမေရိကန် စိုးရိမ်

ဝါရှင်တန်၊ မတ် ၂၇

တက္ကဆက်ပြည်နယ် ရီယိုဂရန် ဒီချိုင့်ဝှမ်းတစ်လျှောက်ရှိ နယ်စပ် စည်းရိုးသို့ မက္ကဆီကိုဘက်ကရွှေ့ပြောင်း အခြေချသူများ ဆက်လက်ရောက်ရှိ နေခြင်းကြောင့် ယခုနွေဦးရာသီတွင် ရွှေ့ပြောင်းများ ပိုများလာမည်ကို စိုးရိမ် ကြောင်း အမေရိကန် အရာရှိများက မတ် ၂၆ ရက်တွင် ပြောသည်။

အမေရိကန်နိုင်ငံတွင်း ဝင်ရောက် ရန် ကြိုးပမ်းနေသည့် ရွှေ့ပြောင်းနေ ထိုင်သူများသည် လေထန်ချမ်းအေး ပြီး ဖုန်ထူသည့် ရာသီဥတု အခြေအနေ များတွင် စောင်များကို အမိုးအကာ လုပ်၍ အစုအဝေးဖြင့် စုဝေးနေထိုင်ကာ ရာသီဥတုဒဏ်ကို အန်တုလျက်ရှိသည်။ 

အမေရိကန်နယ်စပ်ကို တရားမဝင် ဖြတ်ကျော်လာသည်ဟု သံသယရှိသူ များကို ဖမ်းဆီးရန် ပြည်နယ်ကို အခွင့် အာဏာပေးမည့် တက္ကဆက်ဥပဒေကို ဖက်ဒရယ်အယူခံတရားရုံးက ယာယီ တားဆီးထားသည်။

တက္ကဆက်ဥပဒေတွင် နိုင်ငံရပ်ခြား ကတရားမဝင် ဝင်ရောက်ခြင်း သို့မဟုတ် တစ်ဖန်ပြန်လည်ဝင်ရောက်ခြင်းများ ကို ရာဇဝတ်မှုအဖြစ်သတ်မှတ်မည် ဟုပါရှိပြီး စည်းကမ်းဖောက်ဖျက်သူ များကို အမေရိကန်နိုင်ငံက ထွက်သွား ရန်နှင့်ငြင်းဆိုသူများကို ထောင်ဒဏ် နှစ် ၂၀ ထက် ပိုချမှတ်နိုင်ရန် ပြည်နယ် တရားသူကြီးများကို အမိန့်ချခွင့်ပေး မည်ဟု ပါရှိသည်။         





(ref:Reuters)






အခြားဆက်စပ်သတင်းများ