နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကွန်တိန်နာသင်္ဘောဝင်တိုက်မှုကြောင့် ဘောလ်တီမောရ်တံတားကြီး မြစ်ထဲကျိုးကျ

ဝါရှင်တန်၊ မတ် ၂၇

အမေရိကန်နိုင်ငံ ဘောလ်တီ မောရ်မြို့ရှိ ပတ်တပ်စကိုမြစ်ကူး တံတားကြီးကို ကုန်သေတ္တာတင် သင်္ဘောက ဝင်တိုက်မိခြင်းကြောင့် တံတားတစ်ခုလုံး ကျိုးကျသွားကြောင်း မတ် ၂၆ ရက်တွင် အာဏာပိုင်များက ပြောသည်။

တံတားကျိုးကျမှုကြောင့် တံတား ပေါ် ဖြတ်သန်းသွားလာနေသည့်ယာဉ် အများအပြားနှင့် လူ ၂၀ ခန့် မြစ်ထဲ ကျသွားကြောင်း ဘောလ်တီမောရ် မီးသတ်ဌာနက ဆိုသည်။ 

 ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာ ရသူ၊ သေဆုံးသူများရှိပြီး လက်ရှိတွင် သက်ဆိုင်ရာ အာဏာပိုင်များက ကယ် ဆယ်ရေးနှင့်ရှာဖွေရေးဆောင်ရွက် နေသော်လည်း အေးခဲသည့်ရာသီဥတု အခြေအနေနှင့်မြင်ကွင်း မရှင်းလင်းမှု များကြောင့် ကယ်ဆယ်ရေးသမားများ အတွက် ဘေးအန္တရာယ်များသည့် အခြေအနေတွင် ရှိနေကြောင်း   အာဏာ ပိုင်များက သတိပေးထားသည်။

အဆိုပါ တံတားကျိုးကျမှုဖြစ်စဉ် သည် ထိခိုက်သေဆုံးမှု အစုလိုက် အပြုံလိုက်ဖြစ်ပေါ်သည့် မတော်တဆမှု မျိုးဖြစ်ပြီး ကုန်သေတ္တာအချို့သည် ကျိုးကျနေသည့် တံတားပေါ်တွင် တွဲလောင်းချိတ်ဆွဲနေကြောင်း သိရ သည်။                       





(ref:Reuters)






အခြားဆက်စပ်သတင်းများ